ကလေးငယ်တွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုခံနိုင်ရည် ရှိသလောက် ဖြစ်မယ်လို့ ပြောခဲ့တာပါ

ကိုရိုနာဗိုင်းရပ်စ်အကြောင်း အချက်အလက်အမှားတွေနဲ့ ဗွီဒီယိုတစ်ခုတင်ခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပို့စ်ကို Facebook က ဖြုတ်ချခဲ့သလို Twitter ကလည်း ဖယ်ရှားမှု လုပ်ခဲ့ပါတယ်။

သမ္မတထရမ့်ဟာ Fox News နဲ့ ရုပ်သံအင်တာဗျူးတစ်ခုမှာ ကလေးငယ်တွေဟာ COVID-19 ပြီးတယ်လို့ ဆိုရလောက်အောင် ကိုယ်ခံအားရှိကြတယ်လို့ ပြောခဲ့ပြီး အဲ့ဒီရုပ်သံဖိုင်ကို Facebook ပေါ် ပြန်တင်ခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က သမ္မတရဲ့ Facebook အကောင့်နဲ့ တင်လိုက်တဲ့ ပို့စ်ဟာ လူမှုကွန်ရက်ပေါ်က ဖယ်ရှားခံလိုက်ရပါတယ်။




Photo: CGTN

"ဒီဗွီဒီယိုမှာ လူတစ်စုဟာ COVID-19 ကူးစက်မှုကို ခံနိုင်ရည်ရှိတယ်လို့ မှားယွင်းပြောဆိုထားတာတွေ ပါဝင်နေပါတယ်။ ဒါက အန္တရာယ်ရှိတဲ့ COVID-19 အချက်အလက်မှား ဖြစ်ပြီး ကျွန်တော်တို့ရဲ့ မူဝါဒကို ချိုးဖောက်ရာ‌ရောက်ပါတယ်။ "လို့ Facebook ‌ပြောရေးဆိုခွင့်ရှိသူက NBC News ကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါဟာ Facebook အနေနဲ့ မူဝါဒနဲ့ ငြိစွန်းခြင်းကြောင့် သမ္မတထရမ့်ရဲ့ ပို့စ်ကို ပထမဆုံးအကြိမ်အဖြစ် ဖယ်ရှားလိုက်တာလည်း ဖြစ်ပါတယ်။ တလောကပဲ ကုမ္ပဏီဟာ အမေရိကန်နိုင်ငံ သန်းခေါင်စာရင်းအကြောင်း နားလည်မှုလွဲစေနိုင်တဲ့ သတင်းအချက်အလက်နဲ့ အမုန်းစကားပြောဆိုမှုတွေ ပါဝင်တာကြောင့် ထရမ့်ကမ်ပိုင်းရဲ့ ကြော်ငြာတွေကိုလည်း ဖြုတ်ချထားပါတယ်။

Photo: BBC


Facebook ပေါ်မှာ ဒီဗွီဒီယိုဟာ အနည်းဆုံး ၄ နာရီကြာ ရှိနေခဲ့ပြီး ဖယ်ရှားခြင်း မပြုခင်အထိ ကြည့်ရှုသူ သိန်းနဲ့ချီ ရှိခဲ့ပါတယ်။ ဒီဗွီဒီယိုဟာ Twitter ပေါ်လည်း တက်လာခဲ့ပါတယ်။ COVID-19 သတင်းမှား ဖြန့်ပြီး လူမှုကွန်ရက်စံတွေ ချိုးဖောက်ခဲ့တာကြောင့် ဒီဗွီဒီယိုကို မူလမျှဝေခဲ့တဲ့ @TeamTrump အကောင့်ပေါ်ကနေ Twitter က ဖယ်ရှားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်အရွယ်မရွေး ကူးစက်မှု ဖြစ်ပွားနိုင်ပြီး ကလေးငယ်တွေမှာတော့ COVID-19 ကူးစက်ခံရမှု အရေအတွက် နည်းပါးတာကြောင့် ကလေးငယ်တွေဟာ အရွယ်ရောက်သူတွေထက် COVID-19 ကို ပိုခံနိုင်ရည် ရှိသလားဆိုပြီး ဆွေးနွေးငြင်းခုံမှုတွေ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က