Group Call ခေါ်ဆိုမှု ၄ ဆခန့် တိုးလာပါတယ်
Nyein Min Wai

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားနေစဉ်အတွင်း Viber ပလက်ဖောင်းသုံးစွဲသူဦးရေ မြင့်တက်လာနေပါတယ်။

ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ပလက်ဖောင်းများထဲက တစ်ခု ဖြစ်တဲ့ Rakuten Viber ဟာ COVID-19 ကပ်ကာလအတွင်း ပင်မလုပ်ဆောင်ချက်များ ထပ်မံထည့်သွင်းခြင်း ၊ စဉ်ဆက်မပြတ်ထိတွေ့ချိတ်ဆက်နိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်များ ဖန်တီးခဲ့ပြီးနောက် ကမ္ဘာအနှံ့ Viber သုံးစွဲမှု သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo: tipsmake

Viber မှာ လူသုံးအများဆုံး လုပ်ဆောင်ချက်တွေဟာ အဖွဲ့လိုက် မက်ဆေ့ပေးပို့ခြင်းနဲ့ အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်း features တွေ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အဖွဲ့လိုက် မက်ဆေ့ပေးပို့မှုဟာ ၁၃၄% တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ပျမ်းမျှ Viber သုံးသူတစ်ဦးရဲ့ အဖွဲ့လိုက် Group Call ခေါ်ဆိုမှု ပမာဏဟာလည်း ၃၇၀% အထိ မြင့်တက်လာခဲ့တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Viber Community အတွင်း ဝင်ရောက်ကြည့်ရှုတဲ့ ပျမ်းမျှပမာဏကလည်း ၇၈% အထိ မြင့်လာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း Group Call ခေါ်ဆိုမှုဟာ အရင်ကထက် ၁၀ ဆနီးပါး မြင့်တက်လာခဲ့ပြီး Viber Community အတွင်း ကြည့်ရှုမှုပမာဏဟာလည်း ၆၇% အထိ ရှိနေပါတယ်။ Viber ဟာ COVID-19 ကာလ Audio Call ခေါ်ဆိုနိုင်တဲ့ အဖွဲ့ဝင်အရေအတွက်ကို တစ်ချိန်မှာ လူ ၅ ဦးကနေ ၂၀ အထိ တိုးချဲ့ ထားပါတယ်။

COVID-19 တိုက်ဖျက်ရေးမှာ Viber ဟာ တာဝန်ရှိသူများနဲ့ ပေါင်းပြီး ကပ်ရောဂါဆိုင်ရာ စိတ်ချယုံကြည်ရတဲ့ တရားဝင်သတင်းတွေကို ရယူနိုင်မယ့် Communities များကို နိုင်ငံအများအပြားမှာ မိတ်ဆက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေများ မျှဝေမယ့် COVID-19 INFO Myanmar Community တစ်ခု ဖြန့်ချိထားပါတယ်။


Photo: COVID-19 INFO Myanmar Viber Community


COVID-19 Info Myanmar Community ဟာ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ နိုင်ငံတော်သမ္မတရုံး ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး နဲ့ အခြားဝန်ကြီးဌာနများ ပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ် အတည်ပြုသတင်းများ မျှဝေနေတာ ဖြစ်ပြီး အဖွဲ့ဝင် ၇ သိန်းခွဲခွဲာ် ရှိပြီ ဖြစ်ပါတယ်။

Viber ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အချက်အလက်အမှန်ပေးနိုင်ဖို့ တရားဝင် WHO bot တစ်ခု ဖြန့်ချိခဲ့သလို မြန်မာဘာသာအပါအဝင် ဘာသာစကားအများအပြားနဲ့ ကိုရိုနာဗိုင်းရပ်စ် အကြောင်း သတင်းအချက်အလက်သစ်များ အချိန်နဲ့ တပြေးညီ ထုတ်ပြန်‌ပေးဖို့ UNICEF U-Reports နဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က