Privacy နဲ့ နိုင်ငံသားအချက်အလက်တွေ ကာကွယ်ဖို့ ပါ

ကိုရိုနာဗိုင်းရပ်စ်ထိတွေ့မှု နောက်ကြောင်းရာဇဝင်သိအောင် ထုတ်ထားတဲ့ app တွေမှာ GPS တည်နေရာခြေရာခံစနစ် သုံးခြင်း ပိတ်ပင်သွားမယ်လို့ Google နဲ့ Apple တို့က ဆိုပါတယ်။

Google နဲ့ Apple တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေးအတွက် ပြီးခဲ့တဲ့ လထဲမှာ ရှားရှားပါးပါး ပူးပေါင်းလုပ်ဆောင်မှုတစ်ခု စတင်ခဲ့ပါတယ်။ နည်းပညာကုမ္ပဏီကြီးနှစ်ခုဟာ COVID-19 ရောဂါပိုးရှိသူနဲ့ အနီးအနားမှာ နေထိုင်သူတွေကို အသိပေးမယ့် စနစ်တစ်ခု ဖန်တီးဖို့ ပြီးခဲ့တဲ့ လထဲမှာ လက်တွဲခဲ့တာပါ။ နည်းပညာကိုတော့ ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေကိုပဲ သုံးခွင့်ပေးဖို့ စီစဉ်ထားပါတယ်။



Photo: venturebeat

ကိုယ်ရေးအချက်အလက် Privacy နဲ့ ဒီစနစ်ကို သုံးပြီး အစိုးရတွေအနေနဲ့ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို စုဆောင်းတာကနေ ကာကွယ်ဖို့က အဓိကရည်မှန်းချက် ဖြစ်တယ်လို့ ကုမ္ပဏီနှစ်ခုအနေနဲ့ ဆိုပါတယ်။ Google နဲ့ Apple တို့ရဲ့ စနစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရှိသူနဲ့ ထိတွေ့တာကို သိဖို့ ဖုန်းထဲက Bluetooth signals တွေကို သုံးတာ ဖြစ်ပြီး GPS တည်နေရာအချက်အလက် သုံးခြင်း/သိမ်းဆည်းခြင်း လုပ်မှာ မဟုတ်ပါဘူး။

အမေရိကန်ပြည်နယ်အများအပြားမှာ ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် နဲ့ဆိုင်တဲ့ app ရေးဆွဲသူတွေသူကတော့ ဗိုင်းရပ်စ်ဘယ်လိုကူးစက်နေသလဲဆိုတာကို ခြေရာခံနိုင်ဖို့ ခြေရာခံစနစ်သစ်နဲ့အတူ GPS တည်နေရာအချက်အလက် သုံးခွင့်ပေးဖို့က အရေးကြီးတယ်လို့ Reuters သတင်းကို ပြောထားပါတယ်။ Exposure Notification API သုံးတဲ့ app တွေမှာ Location Services သုံးခွင့် မပေးဘူးလို့ Apple ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

Apple နဲ့ Google တို့ဟာ စမတ်ဖုန်း ၉၉% ရဲ့ OS စနစ် ထောက်ပံ့ပေးနေတာပါ။ အခုလို COVID-19 ထိတွေ့မှု ခြေရာခံစနစ်မှာ GPS သုံးခွင့်ပိတ်ပင်လိုက်တာကြောင့် ပြည့်သူ့ကျန်းမာရေး အာဏာပိုင်တွေအနေနဲ့ မတည်ငြိမ်တဲ့ Bluetooth sensor သုံးပြီးပဲ စောင့်ကြည့်ခြေရာခံရတော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က