ဆေးသုတေသနအချက်အလက် ခိုးယူဖို့ ကြိုးပမ်းမှုတွေ ရှိနေပါတယ်

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်မှာ ဆိုက်ဘာတိုက်မှုတွေလည်း အရင်ကထက် ပိုမြင့်လာတယ်လို့ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဗြူရို (FBI) မှ ပြောပါတယ်။

Aspen Institute ကနေ ကျင်းပတဲ့ အွန်လိုင်းရုပ်သံဆွေးနွေးပွဲတစ်ခုမှာ FBI ရဲ့ လက်ထောက်အကူညွှန်ကြားရေးမှူး တွန်ယာယူဂေါ်ရက်ဇ်မှ လက်ရှိကာလ ဆိုက်ဘာရာဇဝတ်မှု ဖြစ်ပွားနှုန်းဟာ COVID-19 ကပ်ဘေးမတိုင်ခင်ကထက် ၄ ဆပိုများနေတယ်လို့ ပြောကြားခဲ့တာပါ။ 



" FBI မှာ အင်တာနက်ရာဇဝတ်မှု ဖြေရှင်းရေးစင်တာ IC3 ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပင်မသတင်းအချက်အလက် ရယူတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဝမ်းနည်းစရာက IC3 ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း မယုံနိုင်လောက်အောင် အလုပ်များနေခဲ့ပါတယ်။" လို့ ယူဂေါ်ရက်ဇ်က ပြောပါတယ်။

Photo: ZDNet

ပုံမှန်အားဖြင့် တစ်နေ့ကို တိုင်ကြားချက် ၁၀၀၀ ရရှိရာကနေ တိုင်ကြားမှုပေါင်း ၃၀၀၀ ကနေ ၄၀၀၀ အကြား ရှိလာတာ ဖြစ်ပါတယ်။ ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တွေအားလုံးမဟုတ်ပေမယ့် COVID-19 နဲ့ ဆက်စပ်နေတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

"ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူတွေလည်း လူသားတွေပါပဲ။ အခုလို ကပ်ရောဂါကာလမှာ ကိုယ်ကျိုးသက်သက်ပဲ ကြည့်ပြီး ဒီလိုလုပ်ဆောင်တာကတော့ လက်မခံနိုင်စရာပါပဲ" လို့ ယူဂိုရက်ဇက် ပြောပါတယ်။ ဆိုက်ဘာမှုခင်း ကျူးလွန်သူတွေဟာ COVID-19 ပရဟိတလုပ်ငန်းတွေယောင် ဆောင်တာ ၊ အလိမ်အညာ အင်တာနက်ဒိုမိန်းတွေ ထောင်ပြီး လှုပ်ရှားတာ စသည်ဖြင့် အမျိုးမျိုး ရှိနေပါတယ်။


Photo: msspalert

ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြု တိုက်ခိုက်မှုတွေထဲမှာ အစိုးရကျောထောက်နောက်ခံ ဟက်ကာအဖွဲ့တွေလည်း ပါတယ်လို့ ယူဂိုရက်ဇ်က ဆိုပါတယ်။ ဒီဟက်ကာအဖွဲ့တွေကတော့ အမျိုးသားကျန်းမာရေးကဏ္ဍနဲ့ အမေရိကန်ရဲ့ COVID-19 သုတေသနဌာနတွေကို ပစ်မှတ်ထားနေတာလို့ ဆိုပါတယ်။

ဧပြီ ၄ ရက်နေ့ကလည်း အမေရိကန် အမျိုးသားတန်ပြန်ထောက်လှမ်းရေးနဲ့ လုံခြုံရေးစင်တာဟာ COVID-19 ဆေးသုတေသနများ ဆိုက်ဘာတိုက်ခိုက်မှု ခံရတဲ့အကြောင်း Twitter မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီသတိပေးချက်မှာ ဆိုက်ဘာတိုက်ခိုက်မှု လုပ်နေသူတွေဟာ ကပ်ရောဂါပေါ် အမေရိကန်ရဲ့ တုံ့ပြန်မှုနဲ့ ဆိုင်တဲ့ အရေးကြီး အချက်အလက်များ ၊ ဆေးဝါးသုတေသနအဖွဲ့အစည်းများရဲ့ ဉာဏမူပိုင်ခွင့်များ ခိုးယူဖို့ ကြိုးစားနေတယ်လို့ ပါရှိပါတယ်။

Share

Loading Next Article...
က္က