အမေရိကန်/ကနေဒါ သတင်းဌာနတွေအတွက် ‌ဒေါ်လာ ၂၅ သန်း သုံးမှာပါ

ကိုရိုနာဗိုင်းရပ်စ်အကြပ်အတည်းကာလအတွင်း သတင်းထုတ်ဝေမှုကဏ္ဍ ထောက်ပံ့ရေးအတွက် ဒေါ်လာ ၁၀၀ ရင်းနှီးမြှပ်နှံသွားမယ်လို့ Facebook က တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

Facebook Journalism Project နာမည်နဲ့ ထောက်ပံ့သွားမယ့် ဒီအစီအစဉ်အရ ဒေါ်လာ ၂၅ သန်းဟာ အမေရိကန်နဲ့ ကနေဒါ ဒေသတွင်းသတင်းများအတွက် ရံပုံငွေထောက်ပံ့မှုပေးသွားမှာ ဖြစ်ပြီး ကျန်တဲ့ ၇၅ သန်းကိုတော့ ကမ္ဘာအရပ်ရပ်က သတင်းအဖွဲ့အစည်းတွေအတွက် မားကတ်တင်းအသုံးစရိတ်အဖြစ် ထားသွားမယ်လို့ ဆိုပါတယ်။



Photo: Fox News

ကိုရိုနာဗိုင်းရပ်စ် ကပ်ကာလအတွင်း အွန်လိုင်းမှာ သတင်းမှားများ ပြန့်နှံ့နေစဉ်အတွင်း အရည်အသွေးမြင့်မားပြီး တိကျမှန်ကန်တဲ့ သတင်‌ပေးပို့ချက်ဟာ အရင့်အရင်ကထက် အရေးပါလာတယ်လို့ Facebook က သတင်းထုတ်ပြန်ပါတယ်။

"တကယ်လို့ ဒေသတွင်းသတင်းဂျာနယ်လစ်လုပ်ငန်းတွေဟာ အလွန်တရာအရေးပါလှတဲ့ အများပြည်သူဝန်ဆောင်မှုတစ်ခုဖြစ်ကြောင်း အတည်ပြုချက်တွေ လိုအပ်လာရင် လူထုက ဒါကို နားလည်သွားမှာပါ။ " လို့ Facebook ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို ဟန့်တားတိုက်ဖျက်ဖို့ မြို့တွေကို ပိတ်ချထားချိန်မှာ စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်လာနေပါတယ်။ စီးပွားရေးလုပ်ငန်းများ ထိခိုက်လာခြင်းနဲ့အတူ သတင်းဌာနတွေရဲ့ ကြော်ငြာဝင်ငွေလည်း ကျဆင်းလာနေတယ်လို့ Facebook က ဆိုပါတယ်။

ဈေးကွက်သုတေသနကုမ္ပဏီ eMarketer အနေနဲ့ ယခုနှစ်အတွင်း ကမ္ဘာ့မီဒီယာများပေါ် စီးပွားရေး လုပ်ငန်းတွေရဲ့ ကြော်ငြာအသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်ကထက် စာရင် ပိုတိုးတက်လာမယ်လို့ မျှော်လင့်ထားပေမယ့် Reuters သတင်းမှာတော့ အမေရိကန်ကြော်ငြာလုပ်ငန်းဟာ ဒေါ်လာ ၂၆ ဘီလျံနီးပါး အရှုံးပြဖို့ ရှိတယ်လို့ သုံးသပ်ထားပါတယ်။

Photo: Financial Times


ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအကြောင်း သတင်းလိုက်ခြင်းနဲ့ ဆက်စပ်ပြီး မမျှော်လင့်တဲ့ ကုန်ကျစရိတ်များ ကာမိစေဖို့ ဂျာနယ်လစ်များအား ပထမအသုတ် ငွေကြေးထောက်ပံ့မှုအနေနဲ့ အမေရိကန်နဲ့ ကနေဒါမှ ဒေသတွင်း သတင်းဌာန ၅၀ ကို ဒေါ်လာ ၅၀၀၀ ပေးသွားမယ်လို့ Facebook က ဆိုပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီလကလည်း သတင်းပရိုဂရမ်များ ၊ မိတ်ဖက်ပြုပူးပေါင်းမှုများနဲ့ သတင်း content များမှာ သုံးနှစ်အတွင်း ဒေါ်လာ သန်း ၃၀၀ သုံးစွဲဖို့ ကတိပြုခဲ့ပါတယ်။ သတင်းမှား တိုက်ဖျက်ရေးနဲ့ တိကျတဲ့ သတင်းအကြောင်းအရာများ တင်ဆက်နိုင်ရေးအတွက် ရည်ရွယ်ပြီး Facebook Journalism Project အစီအစဉ် ကို ၂၀၁၇ ဇန်နဝါရီလမှာ စတင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က