တရုတ်မှာတော့ စက်ရုံများ ဖြည်းဖြည်းချင်း ပြန်လည်ပတ်လာနေပါတယ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု မြင့်တက်လာပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ရောင်းအား ၃၇ သန်းကျော် ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

Strategy Analytics သုတေသနကုမ္ပဏီရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုဟာ ၆၁.၈ သန်း ရှိခဲ့ပြီး နှစ်အလိုက် တင်ပို့မှုမှာ ၃၈% ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထဲမှာ စမတ်ဖုန်းတင်ပို့မှုဟာ ၉၉.၂ သန်း ရှိခဲ့တာလည်း ဖြစ်ပါတယ်။




Photo: GSMArena

စမတ်ဖုန်းထုတ်လုပ်မှုအများစုဟာ တရုတ်နိုင်ငံမှာ လုပ်ဆောင်တာ ဖြစ်ပြီး COVID-19 ကူးစက်ပြန့်နှံ့မှုနဲ့အတူ ဇန်နဝါရီလထဲမှာ တရုတ်နိုင်ငံအတွင်း စမတ်ဖုန်းထုတ်လုပ်မှုများ ရပ်တန့်သွားခဲ့တာကလည်း ကမ္ဘာအရပ်ရပ်က Supply Chain ဖြစ်စဉ်ပေါ် ထိခိုက်မှု ရှိလာခဲ့ပါတယ်။ Xiaomi နဲ့ Apple တို့ဟာ ဒီလထဲမှာ ဖုန်းသစ်တွေ ကြေညာဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီဆိုင်းငံ့ခဲ့ရတာပါ။

Apple ဟာ မတ်လကုန်မှာ iPhone 9 ကြေညာဖို့ ရှိသလို Xiaomi ကလည်း Mi 10 series သစ် ကြေညာဖို့အတွက် စက်ရုံတွေ ပြန်လည်ပတ်နိုင်အောင် စောင့်ဆိုင်းနေရပါတယ်။ တစ်ချို့ အာရှစက်ရုံတွေ စမတ်ဖုန်းထုတ်လုပ်မှု မလုပ်နိုင်ကြသလို ဝယ်ယူမယ့် Consumer အတော်များများကလည်း လက်လီစတိုးဆိုင်တွေ သွားပြီး ဖုန်းသစ် မဝယ်လိုတာကလည်း ဖေဖော်ဝါရီ စမတ်ဖုန်းရောင်းအား ကျဆင်းမှုပေါ် သက်ရောက်မှု ရှိခဲ့တာပါ။


Photo: Gizchina

" ဒီနှစ် ဖေဖော်ဝါရီဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး ရောင်းအားကျဆင်းမှုပါ။ တရုတ်နိုင်ငံမှာ စမတ်ဖုန်းဝယ်လိုအားနဲ့ ထုတ်လုပ်မှု ထိုးကျခဲ့သလို အာရှတစ်ခွင်နဲ့ တစ်ခြားကမ္ဘာအရပ်ရပ်မှာလည်း ဆိုးဆိုးဝါးဝါး ကျဆင်းခဲ့ပါတယ်" လို့ Strategy Analytics ရဲ့ အမှုဆောင်ဒါရိုက်တာ နီးလ်ဝပ်စတန်က ပြောပါတယ်။

တရုတ်နိုင်ငံမှာ ရှိတဲ့ စက်ရုံအလုပ်ရုံတွေဟာ ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း လည်ပတ်လာနေပေမယ့် ဥရောပ ၊ မြောက်အမေရိကနဲ့ လက်တင်အမေရိကတို့မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာနေပါတယ်။ COVID-19 ကပ်ကြောင့် သန်းရာပေါင်းများစွာသော ဝယ်ယူသူကို ပိတ်ချထားသလို ဖြစ်နေပြီး ဖုန်းသစ် မဝယ်အောင် ဖြစ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က