လက်ထပ်လိုင်စင်ကို အွန်လိုင်းကနေ ထုတ်ပေး‌နေပါတယ်
Nyein Min Wai

နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကူရိုမိုဟာ ရုပ်သံအစည်းအဝေးပလက်ဖောင်းပေါ်ကနေ တရားဝင်မင်္ဂလာဆောင်ခွင့်ပြုကြောင်း အမိန့်ကြေညာစာတစ်ရပ်ကို Twitter ကနေ ကြေညာထားပါတယ်။

နယူးယော့ခ်မြို့သားတွေအနေနဲ့ မင်္ဂလာဆောင်ခွင့် လိုင်စင်တွေကို Zoom ကနေ ရယူနိုင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောကြားမှုကို ကိုးကားပြီး The Verge သတင်းက ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် နယူးယော့ခ်ရဲ့ မင်္ဂလာဆောင်ဗြူရိုတွေ ပိတ်ထားမှုနဲ့အတူ ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်နယ်အတွင်း လက်ထပ်လိုင်စင်တွေနဲ့ မင်္ဂလာအခမ်းအနား လုပ်ဖို့ စာရေးတွေအတွက် ဗွီဒီယိုပလက်ဖောင်းပေါ်ကနေ ခွင့်ပြုချက်ထုတ်ပေးသွားမယ်လို့ ပြောပါတယ်။

နယူး‌ယော့ခ် ပြည်နယ်အုပ်ချုပ်ရေးမှူး (Photo: triblive)

" လက်ထပ်ပွဲတွေနဲ့ ပတ်သက်ပြီး မေးလာရင် အခုခွင့်မပြုပါဘူး။ Zoom ကနေ ကျင်းပလို့ရပါတယ်။ " လို့ ကူရိုမိုက ဆိုပါတယ်။ နယူးယော့ခ်ပြည်နယ်ဟာ မေလ ၁၅ ရက်နေ့အထိ လူစုလူဝေးနဲ့ အဝင်အထွက် ပိတ်ဆို့မှုတိုးချဲ့လိုက်ပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်လာတာပါ။ ဧပြီလ ၁၉ ရက်နေ့အထိ နယူးယော့ခ်တစ်မြို့တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၀၀၀ ကျော် ရှိထားပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ရည်ညွှန်းတဲ့ Zoom video Conferencing ပလက်ဖောင်းဟာ လုံခြုံရေးအားနည်းချက်တွေ ရှိထားလို့ ဝေဖန်ခံနေရတဲ့ ပလက်ဖောင်းဖြစ်ပါတယ်။ အစိုးရဌာနနဲ့ လုပ်ငန်းတစ်ချို့ဟာ ရုပ်သံအစည်းအဝေးအတွက် Zoom ဝန်ဆောင်မှု သုံးဖို့ ပိတ်ပင်လာနေပါတယ်။ နေ့စဉ် သုံးစွဲသူ သန်း ၂၀၀ အထိ ရှိလာတဲ့ Zoom တည်‌ထောင်သူ အဲရစ်ယွမ်ကတော့ Zoom ဝန်ဆောင်မှုရဲ့ privacy ပြဿနာကို အမြန်ဖြေရှင်းသွားမယ်လို့ ကတိပြုထားပါတယ်။


Photo: QZ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မင်္ဂလာဆောင်တွေကို အွန်လိုင်းကနေ ကျင်းပလာတာ နယူးယော့ခ်ပြည်နယ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ မကြာသေးခင်က ယူအေအီးနိုင်ငံဟာ နိုင်ငံသားများနဲ့ နိုင်ငံအတွင်း နေထိုင်များအနေနဲ့ အွန်လိုင်းကနေ လက်ထပ်ခွင့် ပြုကြောင်း ကြေညာခဲ့သလို တရားရေးဌာနကလည်း လက်ထပ်မင်္ဂလာအတွက် လိုအပ်တဲ့ အထောက်ထားများ တင်သွင်းနိုင်ဖို့ ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က