COVID-19 ကြောင့် သီးသန့်ခွဲနေဖို့ ထားတဲ့ ကျန်းမာရေးလုပ်အားပေး Volunteer တွေမှာ COVID-19 ရှိမရှိ စစ်ဆေးသွားမှာပါ။

ဒက်ထရွိုက်မြို့တော်ဟာ COVID-19 ရှိမရှိကို ၅ မိနစ်အတွင်းစစ်နိုင်မယ့်စက်ကို ပထမဆုံး အသုံးပြုတဲ့ မြို့ဖြစ်လာတယ်လို့ မြို့တော်ဝန် မိုက်ဒက်ဂန်က ဆိုပါတယ်။

အီလီနွိုက်စ်အခြေစိုက် Abbott Lab က ထုတ်တဲ့ ၅ မိနစ် COVID-19 စမ်းသပ်ကိရိယာဟာ ရှုပ်ထွေးတဲ့ ဓါတ်ခွဲခန်းတွေ မလိုဘဲ ဆေးရုံငယ်တွေနဲ့ အရေးပေါ်သူနာပြုတွေ သုံးဖို့ ထုတ်ထားတာပါ။ Abbott Lab ထုတ် COVID-19 အမြန်စမ်းသပ်စက်တွေဟာ ဧပြီလ ၁ ရက်နေ့ကစပြီး ဒက်ထရွိုက်မြို့တော်ကို ရောက်ရှိလာမှာဖြစ်ပြီး ၂၄ နာရီအတွင်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။




Photo: Tech Crunch

Abbott Lab ရဲ့ COVID-19 စမ်းသပ်စက်ဟာ မတ်လ ၁၈ ရက်နေ့က အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲမှု FDA ထောက်ခံချက်ရရှိထားပြီး မီးဖိုချောင်သုံးပစ္စည်းအရွယ်အစားခန့် ဗူးနဲ့လာတာပါ။ ဒီစက်ဟာ အရွယ်အစားငယ်ပြီး မြန်မြန်ဆန်ဆန် စမ်းသပ်နိုင်တာကြောင့် သမရိုးကျစမ်းသပ်ဓါတ်ခွဲမှုများထက် ပိုမိုလျင်လျင်မြန်မြန်နဲ့ အလုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့အဆိုအရ COVID-19 ရှိသူတွေကို ၅ မိနစ်အတွင်း အဖြေထုတ်ပေးနိုင်မှာ ဖြစ်ပြီး Negative Result ကိုတော့ ၁၃ မိနစ်အတွင်း ထုတ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒက်ထရွိုက်မှာ ရောက်လာတဲ့ COVID-19 test ကိရိယာတွေကို COVID-19 ကြောင့် သီးသန့်ခွဲနေဖို့ ထားတဲ့ ကျန်းမာရေးလုပ်အားပေး Volunteer တွေမှာ COVID-19 ရှိမရှိ စစ်ဆေးသွားမှာပါ။


Photo: Kaiser Health News


ဒက်ထရွိုက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု တတိယအမြင့်ဆုံးဖြစ်တဲ့ မစ်ရှီဂန်ရဲ့ မြို့တော် ဖြစ်ပါတယ်။မစ်ရှီဂန်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်ပေပါင်း ၇၆၁၅ ဦးရဲ့ ၈၁% ဟာ အုတ်ခ်လန်း ၊ မာကမ့် နဲ့ ဝိန်းစတဲ့ ဒက်ထရွိုက်မြို့တော်ဧရိယာတစ်ဝိုက်က ဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းအထိ ဒက်ထရွိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၇ ဦး ရှိထားပါတယ်။

ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းအထိ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၂၄၅၀၈၈ ဦး ရှိလာပြီး သေဆုံးသူ၆၀၇၅ ဦး ရှိလာပြီလို့ ဆိုပါတယ်။ Abbott ဟာ ဧပြီလထဲမှာ စမ်းသပ်မှုပေါင်း ၅ သန်းအထိ လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က