Facebook သုံးစွဲသူ ဦးရေဟာ အရင်ကာလတူထက် ၁၀% ပိုမြင့်တက်လာတာပါ

Facebook ရဲ့ ၂၀၂၀ ပထမသုံးလပတ်ဝင်ငွေနဲ့ သုံးစွဲသူ ဦးရေဟာ ခန့်မှန်းထားတာထက် မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် Facebook ရဲ့ အနာဂါတ်ကြော်ငြာစီးပွားရေးဟာ မကြုံစဖူး မသေချာမှုတွေနဲ့ ကြုံလာနိုင်တယ်လို့ ခန့်မှန်းခဲ့ပေမယ့် Facebook ရဲ့ သုံးလပတ်ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်ကထက် ၁၈% မြင့်တက်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၇.၇ ဘီလျံ အထိ ရှိခဲ့တယ်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။ 



Photo: CNBC

လူအများ အိမ်တွင်းမှာပဲ နေထိုင်စေတာ ဖြစ်လို့ ခရီးသွားလုပ်ငန်းနဲ့ ကားလုပ်ငန်း ကြော်ငြာဝင်ငွေ ကျဆင်းခဲ့ပေမယ့် လစဉ် သုံးစွဲသူ ဦးရေဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၉ ပထမသုံးလပတ်ထက် ၁၀% မြင့်တက်လာတယ်လို့ Facebook က ဆိုပါတယ်။ လက်ရှိမှာ Facebook ကို လစဉ်သုံးစွဲသူ ဦးရေဟာ သန်း ၂၆၀၀ အထိ ရှိလာပြီး နေ့စဉ်သုံးစွဲသူဦးရေ ကတော့ ၂.၅၆ ဘီလျံ ရှိထားတာပါ။

လူသန်း ၃၀၀၀ နီးပါးဟာ Facebook အပါအဝင် ကုမ္ပဏီပိုင် လူမှုကွန်ရက် app တွေ ဖြစ်တဲ့ Instagram နဲ့ WhatsApp တွေထဲက app တစ်ခုမဟုတ် တစ်ခုကို နေ့စဉ် သုံးစွဲနေတာ ဖြစ်ပါတယ်။ သုံးစွဲမှုပမာဏ မြင့်တက်လာပေမယ့် ကုမ္ပဏီအနေနဲ့ ကြော်ငြာစီးပွားရေးဟာ သိသိသာသာ ကျဆင်းသွားဖို့ ရှိတယ်လို့ သတိပေးထားပါတယ်။

Photo: bangkokpost

" တစ်ခြားကုမ္ပဏီတွေလိုပဲ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းဟာလည်း COVID-19 ကပ်ဘေးရဲ့ ရိုက်ခတ်ဒဏ်ခံရပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေး ရှေ့ရေးအတွက် မကြုံစဖူး မသေချာတဲ့ ကာလနဲ့ ရင်ဆိုင်နေရပါတယ်။" လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နှစ်အလိုက် Facebook ဝင်ငွေ မြင့်တက်လာပေမယ့် အဲသလို မြင့်တက်တဲ့ ကာလအများစုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအမြင့်ဆုံး ရောက်နေတဲ့ အချိန်မပါပါဘူး။ 

လက်ရှိ သုံးလပတ်အတွင်း အမြတ်ငွေ ၄.၉ ဘီလျံ ရရှိပြီးနောက် Facebook ရှယ်ယာဟာ ၁၀% ကျော် မြင့်တက်နေတယ်လို့ Gulfnews သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က