အမေရိကန်မှာ COVID-19 ကူးစက်မှု မြင့်တက်နေပါတယ်

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်လက် မြင့်တက်နေတာကြောင့် အမေရိကန် ပြည်နယ်တစ်ချို့မှာ ရှိတဲ့ Apple Stores များ ယာယီ ပိတ်ထားမယ်လို့ ဆိုပါတယ်။

Apple ဟာ ဖလော်ရီဒါ ၊ အရီဇိုးနား ၊ တောင်ကယ်ရိုလိုင်းနားနဲ့ မြောက်ကယ်ရိုလိုင်းနားတို့မှာ ရှိတဲ့ Apple Store တစ်ချို့ကို ယာယီပိတ်ထားရတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ ဒီပြည်နယ်တွေမှာ ရှိတဲ့ Apple Store ဆိုင် ၁၁ ဆိုင် ပိတ်သွားမှာ ဖြစ်ပြီး ဒီသတင်းကြောင့် Apple ရှယ်ယာ ၀.၅% ကျဆင်းခဲ့ပါတယ်။ 



Photo: Yahoo Finance

"ကျွန်တော်တို့ လုပ်ငန်းလည်ပတ်နေတဲ့ လူ့အဖွဲ့အစည်းတစ်ချို့မှာ လတ်တလော ကြုံနေတဲ့ COVID-19 အခြေအနေတွေကြောင့် အဲ့ဒီနယ်မြေတွေမှာ ရှိတဲ့ ဆိုင်တွေကို ယာယီပိတ်နေပါတယ်။" လို့ Apple ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးဖို့ Apple ဟာ မတ်လထဲမှာ နိုင်ငံအဝှမ်းမှာရှိတဲ့ လက်လီစတိုးအားလုံးကို ပိတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Store တစ်ချို့ကို ပြန်ဖွင့်ခဲ့ပါတယ်။ အစောပိုင်းက Apple ဟာ အမေရိကန်မှာ ရှိတဲ့ Store ပေါင်း ၁၀၀ ခန့် ပြန်ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အများစုကို လမ်းဘေးယာဉ်ရပ်နားတဲ့ နေရာကနေ ဝယ်လို့ ရအောင် လုပ်ဆောင်နေတာပါ။ 

အရီဇိုးနားနဲ့ ဖလော်ရီဒါတို့မှာ COVID-19 ကူးစက်မှုနှုန်း တိုးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ဖလော်ရီဒါမှာ နေ့စဉ် ကူးစက်မှုသစ် ပျမ်းမျှပမာဏဟာ ၁၄၂၂.၇ ဦး ၊ ရာခိုင်နှုန်းအားဖြင့် ၁၄၄.၄% အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၀ ရက်နေ့အထိ အမေရိကန်မှာ လူပေါင်း ၂.၂၉ သန်းကျော် ကူးစက်ခံရပြီးနောက် အနည်းဆုံး လူပေါင်း ၁သိန်း သောင်းကျော် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က