၃၇ ရက်အတွင်း ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာပါ

အမေရိကန်အာကာသအေဂျင်စီ NASA ဟာ COVID-19 လူနာများအတွက် အသက်ရှုစက် ရှေ့ပြေးပုံစံတစ်ခု အောင်အောင်မြင်မြင် တီထွင်ထားပါတယ်။

NASA ဟာ VITAL လို့ နာမည်ပေးထားတဲ့ အသက်ရှုစက်ကို ၃၇ ရက်အတွင်း တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ Mashable သတင်းက ဖော်ပြထားပါတယ်။ VITAL ဆိုတာ Ventilator Intervention Technology Accessible Locally ရဲ့ အတိုကောက် ဖြစ်ပြီး FDA ရဲ့ ထောက်ခံချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။



ရောဂါလက္ခဏာနည်းနည်း သက်သာတဲ့ COVID-19 အနေအထားတွေမှာ သုံးဖို့အတွက် ရည်ရွယ်ထားတာပါ။ ရောဂါအခြေအနေပိုဆိုးတဲ့ COVID-19 ဝေဒနာရှင်တွေအတွက် ရိုးရိုး အသက်ရှုစက်တွေ အရေအတွက် အကန့်အသတ်နဲ့ ပံ့ပိုးနေရတဲ့ အခက်အခဲကို ဖြေရှင်းဖို့အတွက် VITAL ကို ဒီဇိုင်းထုတ်ထားတာလို့ NASA က ဆိုပါတယ်။

NASA အင်ဂျင်နီယာတွေထုတ်ထားတဲ့ VITAL အသက်ရှုစက်ကို နယူးယော့ခ်မှာ Icahs School of Medicine မှာ ဒီတစ်ပတ်ထဲ စမ်းသပ်သုံးစွဲမှု လုပ်ဆောင်ခဲ့ပါတယ်။ VITAL အသက်ရှုစက်ဟာ သမရိုးကျအသက်ရှုစက်တစ်လုံးထက် ပိုပြီး မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်သလို ထိန်းသိမ်းရလည်း ပိုပြီး လွယ်ကူတယ်လို့ ဆိုပါတယ်။ 

" ကျွန်တော်တို့ ကျွမ်းကျင်တာက အာကာသယာဉ်တည်ဆောက်တဲ့ အပိုင်းပါ။ ဆေးပစ္စည်း ထုတ်လုပ်တာ မဟုတ်ပါဘူး။"လို့ NASA ရဲ့ ဂျက်အင်ဂျင်တွန်းကန်မှု ဓါတ်ခွဲခန်း ဒါရိုက်တာ မိုက်ကယ်ဝက်ကင်စ်က ဆိုပါတယ်။"ဒါပေမယ့်လည်း ထက်မြက်တဲ့ အင်ဂျင်နီယာပညာ ၊ တိကျသေသပ်တဲ့ စမ်းသပ်မှု နဲ့ မြန်ဆန်တဲ့ ရှေ့ပြေးပုံစံ တည်ဆောက်ခြင်းက ကျွန်တော်တို့ ရဲ့ ကျွမ်းကျင်မှုတွေ ဖြစ်ပါတယ်။"

Photo: mashableVITAL အသက်ရှုစက်တွေကို ဆေးရုံတွေမှာ အပြင် ကမ္ဘာအရပ်ရပ်က ခန်းမကြီးများ ၊ ဟိုတယ်နဲ့ လူအများ ထားရှိနိုင်တဲ့ နေရာများမှာ သုံးနိုင်မယ်လို့ ဆိုပါတယ်။ ၃ လကနေ ၄ လအထိ အသုံးခံနိုင်တဲ့ VITAL အသက်ရှုစက်တွေဟာ လက်ရှိ ဆေးရုံသုံး အသက်ရှုစက်တွေကို အစားထိုးဖို့ ရည်ရွယ်ခြင်း မရှိဘူးလို့လည်း NASA က ဆိုပါတယ်။

ဧပြီလဆန်းပိုင်းကလည်း Tesla ကားကုမ္ပဏီဟာ Model 3 ကားပစ္စည်းအစိတ်အပိုင်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အသက်ရှုစက် နှစ်မျိုး ဒီဇိုင်းဆွဲ ပြသခဲ့ပါတယ်။ ကားကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Ford နဲ့ GM တို့ဟာလည်း အသက်ရှုစက်များ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က