မတ်လ ၂၈ ရက်တစ်နေ့တည်းမှာ ၅၀၀၀ ‌ကျော်ခဲ့ပါတယ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာနေပြီး အင်တာနက်သုံးသူ များလာချိန်မှာ ဆိုင်ဘာရာဇဝတ်သားတွေကလည်း ဒီအခြေအနေကို အသုံးချမှုရှိနေပါတယ်။

ဖေဖော်ဝါရီ လလယ်ကစပြီး နေ့စဉ် ရာဂဏန်းအနည်းငယ်ရှိတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေဟာ မတ်လ ၂၈ ရက်တစ်နေ့တည်းမှာကို ၅၀၀၀ ကျော် လာခဲ့တယ်လို့ Check Point လုံခြုံရေးသုတေသီတွေက ဆိုပါတယ်။ အခုဆိုရင်တော့ COVID-19 နဲ့ ဆက်စပ်နေတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ပျမ်းမျှတစ်နေ့ကို အကြိမ်ပေါင်း ၂၆၀၀ ကျော် ရှိလာတယ်လို့ The Next Web သတင်းက ဖော်ပြထားပါတယ်။




Photo: Check Point

ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ တိုက်ခိုက်မှုတွေ ဆိုရာမှာ domain ထဲမှာ corona သို့မဟုတ် covid ဆိုပြီးပါတဲ့ ဝက်ဘ်ဆိုက်ကို ဆိုလိုတာ ဖြစ်ပြီး ဖိုင်နာမည်ကိုလည်း corona နဲ့ ဆက်စပ်နာမည်တွေ သုံးထားတာပါ။ သုတေသီတွေဟာ အီးမေးလ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာကိုလည်း ရှာဖွေခဲ့ပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂက အခြေအနေတွေနဲ့ ပတ်သက်ပြီး အဖျက်အမှောင့်သတင်းတွေနဲ့ ချိတ်ဆက်ထားပါတယ်။" လို့ Check Point ရဲ့ Threat Intelligence ဆိုင်ရာ အချက်အလက် အရာရှိချုပ် အိုမာ ဒမ်ဘင်စကီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ domain ပေါင်း ၃၀၀၀၀ ကျော် မှတ်ပုံတင်ထားတယ်လို့ ဆိုပါတယ်။ ဒီထဲက ၀.၄% (ဝက်ဘ်ဆိုက် ၁၃၁ ခု) ဟာ အန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုက်တွေအဖြစ် သတ်မှတ်ထားပြီး ၉% (ဝက်ဘ်ဆိုက် ၂၇၇၇ ခု) ကို သံသယစာရင်းမှာ ထည့်သွင်းပြီး စောင့်ကြည့်စစ်ဆေးဖို့ လိုတယ်လို့လည်း ပြောထားပါတယ်။

၂၀၂၀ ဇန်နဝါရီလကစပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ domain ပေါင်း ၅၁၀၀၀ ကျော် မှတ်ပုံတင်ထားပါတယ်။ အစ္စရေးဆိုက်ဘာနည်းပညာကုမ္ပဏီ Check Point မှ သုတေသီတွေကတော့ ကောင်းမွန်တဲ့ ဆိုက်ဘာကာကွယ်မှုစနစ် ရှိဖို့နဲ့ ဝက်ဘ်ဆိုက် links တွေနဲ့ documents တွေ လက်ခံရရှိလာရင် အထူးသတိထားဖို့ တိုက်တွန်းထားပါတယ်။

Share

Loading Next Article...
က္က