Hot Line နံပါတ်များလည်း ထည့်ပေးထားပါတယ်

Quarantine လုပ်ထားတဲ့ ပြည်သူများရဲ့ ကျန်းမာရေးကို နေ့စဉ် တိုင်းတာ စစ်ဆေးပေးမယ့် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု ရေးဆွဲထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ Facebook ပို့စ်က ထုတ်ပြန်ပါတယ်။

"စောစောပြော' လို့ခေါ်တဲ့ ဒီ app ဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများမှ Technomation တည်ထောင်သူ လူငယ်နည်းပညာရှင် ကိုထူးမြင့်နောင်နဲ့ ပူးပေါင်းပြီး ရေးဆွဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။



Photo: Zaw Htay/Facebook

စောစောပြော Mobile app ဟာ တောင်ကိုရီးယားနဲ့ တစ်ခြားနိုင်ငံများမှာ ရေးဆွဲအသုံးပြုနေတဲ့ COVID-19 နဲ့ ဆိုင်တဲ့ app တွေကို နမူနာယူပြီး ပြည်တွင်းအနေအထားနဲ့ လိုအပ်ချက်အတိုင်း ကိုက်ညီအောင် ရေးဆွဲထားတာလို့ ဦးဇော်ဌေးရဲ့ ပို့စ်မှာ ဖော်ပြထားပါတယ်။ ဒီ app ဟာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံပြည်သူတစ်ဦးချင်းစီရဲ့ ကိုယ်အပူချိန်ကို နေ့စဉ်တိုင်းတာပေးပြီး ချောင်းဆိုး/နှာချေမှု ရှိမရှိ ကျန်းမာရေးစစ်ဆေးမှုအချက်အလက်တွေကို သတိပေးသွားမှာပါ။

စောစောပြော app ဟာ GPS တည်နေရာပြစနစ်နဲ့ ချိတ်ဆက်ထားရပြီး စစ်ဆေးမှု မှတ်တမ်းတွေကို Database မှာ သွားရောက်သိမ်းဆည်ထားမှာ ဖြစ်ပါတယ်။ app ထဲမှာလည်း အရေးပေါ် ဖုန်းခေါ်ဆိုနိုင်မယ့် Hot Line နံပါတ် ထည့်သွင်းထားမှာ ဖြစ်ပြီး app ကနေ တိုက်ရိုက်ဖုန်းခေါ်နိုင်မှာပါ။ ပြည်တွင်းအော်ပရေတာ ၄ ခုဖြစ်တဲ့ MPT ၊ Telenor ၊ Ooredoo နဲ့ MyTel တို့ကလည်း ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ခံပြည်သူများအတွက် ဖုန်း SIM Card တစ်ခုစီနဲ့ အင်တာနက်ဒေတာ 1GB အခမဲ့ပေးထားပါတယ်။

Photo: Zaw Htay /Facebook


စောင့်ကြည့်ခံ ပြည်သူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေတွေကို တစ်ဦးချင်းအလိုက် အချိန်ကာလအလိုက်လည်း ပြန်ကြည့်နိုင်မယ်လို့ဆိုပါတယ်။ app ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နဲ့ Volunteer လူငယ်များမှ Quarantine လုပ်ထားတဲ့ နေရာများဆီ သွားပြီး ဖုန်းတွေထဲ Install သွင်းပေးသွားမှာလို့လည်း သိရပါတယ်။

"စောစောပြော" app ထည့်သွင်းမှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ တစ်ခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များနဲ့ မြဝတီနယ်စပ်စစ်ဆေးရေးဂိတ်များမှာလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က