ဘွဲ့ဝတ်စုံဝတ်ထားတဲ့ စက်ရုပ်တွေ သုံးခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွား‌နေစဉ်အတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့ Business Breakthrough University ဟာ ဘွဲ့နှင်းသဘင်အခမ်းအနားကို စက်ရုပ်တွေနဲ့ ကျင်းပခဲ့ရပါတယ်။

BBT တက္ကသိုလ်ဟာ တက္ကသိုလ်ဘွဲ့နှင်းသဘင်ကို Newme မိုဘိုင်းစက်ရုပ်တွေနဲ့ ကျင်းပခဲ့တာ ဖြစ်တယ်လို့ Business Insider သတင်းက ဆိုပါတယ်။ Newme စက်ရုပ်မှာ ဘွဲ့ဝတ်စုံ ဝတ်ထားပြီး မျက်နှာနေရာမှာ တက်ဘလက်တစ်ခု တပ်ဆင်ထားပါတယ်။ တက်ဘလက်ကနေ Zoom ရုပ်သံခေါ်ဆိုမှု လုပ်ပြီး ကျောင်းသားဟာ အဝေးကနေ ဘွဲ့ယူရတာပါ။



Photo: Business Insider

ဒီဘွဲ့နှင်းသဘင်ကို မတ်လ ၂၈ ရက်နေ့က တိုကျိုမြို့ Hotel Grand Palace မှာ ကျင်းပခဲ့ပြီး ကျောင်းသား ၄ ဦးနဲ့ ကျောင်းအုပ်ချုပ်သူ အနည်းငယ်ပဲ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဘွဲ့နှင်းသဘင်မှာ သုံးခဲ့တဲ့ Newme စက်ရုပ်တွေကို ANA Holdings က ထုတ်လုပ်ထားတာပါ။ ဘွဲ့ရတဲ့ ကျောင်းသားဟာ ဒီဘွဲ့နှင်းသဘင်ကို ကိုယ်အခန်းထဲက Zoom ပလက်ဖောင်းသုံးပြီး ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျောင်းသားကိုယ်စား ပွဲတက်ခဲ့တဲ့ Newme စက်ရုပ်တွေကို ဘွဲ့နှင်းသဘင်ကို လူကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကျောင်းသားတွေက ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘွဲ့နှင်းအပ်ဖို့ တက္ကသိုလ်အကြီးအကဲ အိုမီအဲကန်နီချိက ကျောင်းသားတစ်ယောက် နာမည်ခေါ်လိုက်တာနဲ့ အခေါ်ခံရတဲ့ ကျောင်းသားရဲ့ မျက်နှာဟာ စက်ရုပ်တက်ဘလက်မှန်ပြင်မှာ ပေါ်လာပြီး ဘွဲ့လက်မှတ်သွားယူပါတယ်။

ပုံရိပ်ယောင် ဘွဲ့နှင်းသဘင်ဖြစ်ပေမယ့် အခမ်းအနားကိုတော့ အစဉ်အလာအတိုင်း ကျင်းပခဲ့ပြီး တက္ကသိုလ်ပါမောက္ခချုပ်မှ မိန့်ခွန်းပြောခဲ့သလို ဘွဲ့ရကျောင်းသားများ ကိုယ်စား ဘွဲ့တက်ယူတဲ့ Newme စက်ရုပ်တွေနဲ့လည်း ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာ နေခိုင်းစေခြင်းဟာ နည်းပညာတွေကို လူမှုဘဝမှာ ပိုသုံးဖို့ ဖြစ်လာတယ်ဆိုတာ ဒီဘွဲ့နှင်းသဘင်က နမူနာပြနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က