နှစ်ဆကျော်် တိုးလှူလာတာပ

တရုတ်ပြည်မကြီးမှာ Apple စတိုးတွေ ပြန်ဖွင့်ပြီးနောက် ကုမ္ပဏီဟာ တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ နှစ်ဆတိုးပြီး ပါဝင်လှူဒါန်းမှုလုပ်ခဲ့ပါတယ်။

ကနဦးပိုင်းက Apple ဟာ ဟူဘေးခရိုင်က ဆေးရုံ ၆ ခုမှာ ယွမ် သန်း ၂၀ ( ဒေါ်လာ ၂.၈၂ သန်းခန့်) လှူဒါန်းခဲ့တာပါ။ ဒီအလှူငွေတွေကိုတော့ ဘေဂျင်းအခြေစိုက် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဖောင်ဒေးရှင်းကတစ်ဆင့် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံမှုစတင်ဖြစ်ပွားရာ ဟူဘေးနေပြည်သူ ၃၂၀၀ နီးပါးဟာ COVID-19 ကြောင့် အသက်ဆုံးရှုံးထားပါတယ်။




Photo: nasdaq

Apple ရဲ့ အကြီးဆုံးဈေးကွက်တွေထဲက တစ်ခုဖြစ်တဲ့ တရုတ်မှာ Apple Store အားလုံး ၄၂ ဆိုင် ပြန်ဖွင့်ပြီးနောက် ရက်သတ္တပတ်များအကြာမှာ ကုမ္ပဏီရဲ့ CEO တင်မ်ကွတ်မှ Weibo လူမှုကွန်ရက်ကတစ်ဆင့် တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ယွမ် သန်း ၅၀ ကျော် (ဒေါ်လာ ၇.၀၄ သန်း)လှူဒါန်းသွားမယ်လို့ ကြေညာပါတယ်။

" တရုတ်နိုင်ငံဟာ COVID-19 ကူးစက်မှုအတွင်း အံ့ဩလောက်တဲ့ စိတ်ဓါတ်နဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ပြသနိုင်ခဲ့ပါတယ်။ ဒီလိုခက်ခဲတဲ့ စိန်ခေါ်မှုကာလတွေအတွင်းမှာ ကျွန်တော်တို့ရဲ့ အဖွဲ့များ ၊ မိတ်ဖက်များ နဲ့ ဖောက်သည်များရဲ့ ပံ့ပိုးမှုကို ကျေးဇူးတင်ရှိပါတယ်။" လို့ တင်မ်ကွတ်က Weibo ကနေ ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ Apple Store များ ယာယီပိတ်ခဲ့ရပြီး ဇန်နဝါရီလ iPhone ရောင်းအားဟာ အရင်လကထက် ၂၈% ကျဆင်းခဲ့တယ်လို့ UBS ဈေးကွက်သုတေသနကုမ္ပဏီက ဆိုပါတယ်။ COVID-19 ကူးစက်မှု မြင့်တက်လာခြင်းကြောင့် ယခုနှစ် ဖေဖော်ဝါရီလ ကမ္ဘာ့စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီလကထက် ၃၇ သန်းကျော် ရောင်းအားကျဆင်းခဲ့ပြီး စမတ်ဖုန်းသမိုင်းမှာ အကြီးမားဆုံး ရောင်းအားကျတဲ့လအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo: Forbes

COVID-19 ကာလအတွင်း ကမ္ဘာအရပ်ရပ်မှ ချမ်းသာကြွယ်ဝတဲ့ အမှုဆောင်နဲ့ ကော်ပိုရိတ်လုပ်ငန်းကြီးများဟာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ထောက်ပံ့လှူဒါန်းမှုများ လုပ်ဆောင်ခဲ့ပါတယ်။ Alibaba တည်ထောင်သူ တရုတ်ဘီလျံနာ ဂျက်မား၊ တရုတ်နည်းပညာကုမ္ပဏီကြီးများ ဖြစ်တဲ့ Baidu ၊ Tencent ၊ Huawei နဲ့ ByteDance တို့ဟာ mask နဲ့ ဗိုင်းရပ်စ်စစ်ဆေးရေးပစ္စည်း Testing Kits များ လှူဒါန်းနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်များကို ဖော်ပြနေတဲ့ Worldometers.info အရ ဧပြီ ၂ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၉၃၆၁၇၀ ၊ သေဆုံးသူ ၄၇၂၄၉ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၉၄၅၇၈ ဦး ရှိနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က