AI ပိုင်းတွင် ဦးဆောင်လျက်ရှိသော Global Conference တစ်ခုဖြစ်သည့် CVPR 2020 တွင် ပထမဆု (၂) ခု နှင့် တတိယဆု (၂) ခု ရရှိခဲ့တာပါ
Phyo Min Thant

ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO ဟာ အွန်လိုင်းမှ တစ်ဆင့် ကျင်းပခဲ့ သော Computer Vision and Pattern Recognition Conference (CVPR) 2020 မှာ မတူညီတဲ့ ပြိုင်ပွဲ (၃) ခုမှာ ပါဝင်ခဲ့ပြီး ပထမဆု (၂)ဆု နှင့်  တတိယဆု (၂) ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်းသိရပါတယ်။

 

OPPO ဆုရရှိခဲ့တဲ့ နည်းပညာများတွင် ဝေဝါးနေသော ပုံရိပ်တစ်ခုကို   မူရင်းပုံထက် ၁၆ ဆ သဘာဝကျကျ ပိုမို ထင်ရှားစေပြီး အသေးစိတ် မြင်တွေ့ခံစားနိုင်သည့် Super-Resolution ၊ ဓာတ်ပုံကို လေ့လာသုံးသပ်ခြင်းဖြင့် ရိုက်ကူးခဲ့သော နေရာကို သိရှိနိုင်သော Visual Localizatiom နှင့် Video အတွင်း လူတို့၏ ပြုမူလှုပ်ရှားမှုတို့ကို မှတ်မိသိရှိနိုင်သော Human Activity Recognition in Video စတဲ့နည်းပညာတွေ ပါဝင်တာကိုတွေ့ရပါတယ်။

 

CVPR ဟာ IEEE(The Institute of Electrical and Electronics Engineers) မှ နှစ်စဉ် ကြီးမှူးကျင်းပသော Computer Vision ဆိုင်ရာ ထိပ်တန်း ပွဲတစ်ခုဖြစ်ပါတယ်။ Computer Vision၊ Pattern Recognition၊ Machine learning နှင့် AI စသည့် အပိုင်းများ၏ ရှုထောင့်တိုင်းကို ဆွေးနွေးပြောကြားကာ ကျောင်းသားများ၊ ပညာရှင်များနှင် လုပ်ငန်းဆိုင်ရာ သုတေသီများ အတွက် အထူး အကျိုးရှိသော ပွဲတစ်ခုဆိုရင်လည်းမမှားပါဘူး။


အသေးစိတ် မြင်တွေ့ခံစားနိုင်သော Super-Resolution Challenge 

 

ဒီ Challenge မှာ OPPO သုတေသနအဖွဲ့ဟာ ပုံတစ်ပုံကို ၁၆ ဆ ချဲ့ပြီးနောက် အသေးစိတ် ကြည်လင်ပြတ်သားသော Super-Resolution ရရှိအောင် တီထွင်ဖန်တီးကြိုးစားခဲ့ကြရပါတယ်။ မူရင်းပုံနှင့် အနီးစပ်ဆုံးတူညီပြီး ကြည်လင်ပြတ်သားပြီး အရည်အသွေး အကောင်းဆုံး ရှိသော High Resolution ရလဒ် ရရှိအောင် ပြုလုပ်ပေးရတာပါ။ OPPO Team ဟာ “RFB-ERSGAN” အမည်ရှိ ကိုယ်ပိုင် Neutral Network ၏ စွမ်းဆောင်ရည်မြင့်မားမှုများကို ဖော်ထုတ်ပြသခဲ့ပြီး ပိုမို အသိဉာဏ်မြင့်သော ခွဲခြမ်းစိတ်ဖြာမှု၊ ပိုမို အဆင်ပြေချောမွေ့သော နည်းပညာများနှင့် ပိုမို ကွဲပြားခြားနားသော နည်းလမ်းများနှင့်အတူ  Facebook၊ Baidu၊ Microsoft၊  Amazon နှင့်  Chinese Academy of Science စသည့် အခြား ပြိုင်ပွဲဝင် ၂၈၀ တို့ကို အနိုင်ယူကာ ပထမနေရာကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

OPPO ၏ RFB-ERSGAN Neural Network သည် တိရစ္ဆာန် အမွှေးအမျှင်များ၊ အဆောက်အဦး ဖွဲ့စည်းပုံများနှင့် အပင် Texture စသည်တို့ကို အသေးစိတ် သဘာဝကျစွာ အကျယ်ချဲ့ပေးပါတယ်။


ဒီ နည်းပညာကို အခြေအနေအမျိုးမျိုးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဥပမာ သုံးစွဲသူတွေဟာ မိမိတို့ Smartphone နှင့် ရိုက်ကူးထားသော LR ဓာတ်ပုံများကို အသေးစိတ် ကြည်လင်စွာမြင်ရမည့် HR ပုံများအဖြစ် ပြောင်းလဲတာမျိုးကို လုပ်ဆောင်နိုင်မှာပါ။ အိုဟောင်းပျက်စီးနေသော ဓာတ်ပုံများနှင့် ဖလင်များကို ပြန်လည်ပြုပြင်ခြင်း၊ အရေးကြီးသော ကျန်းမာရေး ဆိုင်ရာပုံများကို ပိုမို ထင်ရှားအောင်ပြုလုပ်ခြင်း၊ ဂြိုလ်တုနှင့် အာကာသဆိုင်ရာ ပုံရိပ်များမှ လိုအပ်သော အချက်အလက် များကို အသေးစိတ် ကြည့်ရှုစစ်ဆေးခြင်းစသည်တို့လည်း ပြုလုပ်နိုင်လာမှာပဲ ဖြစ်ပါတယ်။ 


လက်ကိုင် Device များအတွက် Vision Localization Challenge


OPPO ၏ AI Applicationများကို အသုံးပြုကာ ပုံများကို Dimensionအမျိုးမျိုးမှ ခွဲခြမ်းစိတ်ဖြာကြည့်နိုင်သည်။


OPPO ဟာ မည်သည့် ပုံကို မဆို location အတိအကျ ရှာနိုင်ရန် Semantic နှင့် Depth Cues များကို မြှင့်တင်ပေးသော Monocular Visual Localization Pipeline ကို တီထွင်နိုင်ခဲ့ခြင်းကြောင့် Outdoor Visual Localization (Aachen Day-Night) တွင် ပထမနေရာ နှင့် Indoor Visual Localization (InLoc) မှာ တတိယနေရာ ရရှိခဲ့ပါတယ်။ Computer Vision Applications များအတွက် ကြီးမားသော အခက်အခဲတစ်ခုဖြစ်တဲ့ ကွန်ပျူတာ လုပ်ဆောင်ချက်များတွင် ရလဒ်အမှား ပမာဏ အများအပြားကို သိရှိဖယ်ရှားပေးခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကာ ကြံ့ခိုင်မှု စမ်းသပ်ချက်မှာလည်း ထူးချွန်စွာ စွမ်းဆောင်ပြနိုင်ခဲ့တယ်လို့ သိရပါတယ်။

မ‌ဝေးတော့သော အနာဂတ်မှာ AR နည်းပညာများ အသုံးပြုလာနိုင်ခြင်း၊ စက်ရုပ်ဆိုင်ရာ နည်းပညာများတွင် အသုံးပြုခြင်းနှင့် လမ်းပြမြေပုံကို ပိုမို တိကျစေခြင်းတို့မှာ ဒီနည်းပညာကို အသုံးပြုနိုင်မှာ  ဖြစ်ပါတယ်။ ဥပမာ ကင်မရာတစ်လုံးတွင် AI Assistant တပ်ဆင်ထားပါက ရိုက်ကူးလိုက်သော ပုံကို ပိုမို မြင့်မားသော Visual Localization Technology နှင့် သုံးသပ် စစ်ဆေးပေးပြီး နေရာချထားပုံကို အတိအကျ တွက်ယူကာ မှန်ကန်သော တည်နေရာသို့ သွားနိုင်မှာ ဖြစ်ပါတယ်။


တိုးချဲ့ ဗီဒီယိုများအတွက် လုပ်ရှားမှု ထောက်လှမ်းခြင်း 

တိုးချဲ့ ဗီဒီယိုများအတွက် လုပ်ရှားမှု ထောက်လှမ်းခြင်း ကဏ္ဍမှာ OPPO က တတိယနေရာ ရရှိခဲ့ပါတယ်။ Automatic Detection Algorithms များ၏ ဖွဲ့စည်းပုံပေါ် မူတည် ယှဉ်ပြိုင်ရတဲ့ အပိုင်းမှာ OPPO ဟာ Frame တစ်ခုဆီတိုင်းတွင် ပါဝင်သူများကို  အလွယ်တကူ သိရှိသတိထားမိပြီး ခွဲခြားသတ်မှတ်နိုင်စေရန်နှင့် ရှုပ်ထွေး၊ လှုပ်ရှားမှု များသော  ဗီဒီယိုများတွင်ပင် လူတို့၏ အပြုအမူ လှုပ်ရှားမှုများကို ဖတ်နိုင်သော ဖွဲ့စည်းပုံ ဒီဇိုင်းကို အောင်မြင်စွာ ဆောက် လုပ်နိုင်ခဲ့တာပါ။ ဒီနည်းပညာဟာ ရှေ့လျှောက် လူနှင့် ကွန်ပျူတာ ဆက်သွယ်အသုံးပြုမှု၊ အားကစား ဗီဒီယိုများကို ပြန်လည် ဆန်းစစ်သုံးသပ်ခြင်းတို့တွင် အသုံးဝင်မှာဖြစ်ပါတယ်။ ဥပမာ အနာဂတ် Smartphone တွေဟာ လှုပ်ရှား နေသော အရာဝတ္ထုများကို အလိုအလျောက် သိရှိမည် ဖြစ်ကာ ကင်မရာ Focus ကို လိုက် ချိန်ညှိပေးနိုင်လာမှာ ပဲဖြစ်ပါတယ်။

OPPO မှ ရှုပ်ထွေးကာ လှုပ်ရှားမှုများသော ဗီဒီယိုများတွင် လူတို့၏ အပြုအမူတို့ကို အလွယ်တကူ သိရှိပြီး ခွဲခြားသတ်မှတ်ပေးနိုင်သော Algorithms များကို တီထွင်ခဲ့သည်။


Intelligent Perception နှင့် Interaction ဌာန အသစ်


CVPR 2020 တွင် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုများ ပြသခဲ့ရုံသာမက OPPO သုတေသန အဖွဲ့အစည်းဟာ ခေတ်မီဆန်းသစ်သော AI technologies များ ပိုမို ရှာဖွေသုတေသန ပြုလုပ်နိုင်ရန် ယခုနှစ် အစောပိုင်းတွင် Intelligent Perception နှင့် Interaction ဌာန အသစ်ကို ဖွဲ့စည်းတိုးချဲ့ခဲ့ကြောင်းလည်း ကြေညာခဲ့ပါသေးတယ်။ ဒီဌာနအသစ်ဟာ Intelligent Perception နှင့် Interaction ကဏ္ဍ နှစ်ခုကို အဓိကထားပြီး သုတေသနနှင့် တီထွင်ထုတ်လုပ်ရေးပိုင်းတွင် ပိုမိုအားထည့် ကြိုးစားသွားရန် ရည်ရွယ်ပြီး ကြိုးစားမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ထိပ်တန်း နည်းပညာ Firm  များနှင့် သုတေသန အဖွဲ့အစည်းများမှ ပညာရှင်များကို ခေါ်ယူဖွဲ့စည်းထားပါတယ်။ CVPR Conference မှာ Drone ထောက်လှမ်းခြင်းနှင့် ခြေရာခံပစ္စည်းများဆိုင်ရာ Workshop ကို ဦးဆောင်တင်ဆက်ခဲ့သော AI ကျွမ်းကျင်ပညာရှင် Eric Guo ကိုလည်း  Chief Intelligent Perception Scientist အဖြစ် ပါဝင်ရန် ဖိတ်ခေါ်ထားနိုင်ခဲ့ ပါတယ်။

Eric Guo ဟာ Mircosoft မှာသုတေသနပညာရှင်အဖြစ် လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သော နှစ်များအတွင်း ခေတ်‌ရှေ့ပြေးသော သုတေသနအများအပြားကို ပြုစုခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ Computer Vision Models တွေဟာ များစွာသော လုပ်ငန်းများကို အထောက်အပံ့ပေးလျက်ရှိတဲ့ Image Search၊ Knowledge Graph၊ Smart Cloud နှင့် Smart Mobility တို့မှာ အသုံးပြုလျက် ရှိပါတယ်။

ယနေ့အထိ OPPO ဟာ ကမ္ဘာတစ်ဝန်းမှာ ပညာရှင်ပေါင်း ၁၀,၀၀၀ ကျော် ပါဝင်သော သုတေသန အသင်းအဖွဲ့၊ သုတေသန အဖွဲ့အစည်း (၆) ခုနှင့် R&D Center (၄) ခုကို တည်ထောင်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် OPPO ရဲ့ တည်ထောင်သူ CEO Tony Chen က လာမည့် (၃) နှစ် အတွင်းတွင် 5G၊ AI၊ AR၊  Big Data နှင့် အခြား ခေတ်မီ ဆန်းသစ်သော နည်းပညာများ အပါအဝင် Hardware၊   Software နှင့် System ပိုင်းတွင် သုတေသနများပြုလုပ်ပြီး အဓိက နည်းပညာသစ်များ တီထွင်နိုင်ရန်  အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့တာကြောင့် ရှေ့လျှောက်မှာလည်း သုံးစွဲသူများအတွက် ဆန်းသစ်ထူးခြားသော ဆက်သွယ်မှုနည်းလမ်းများနှင့် ဝန်ဆောင်မှုအတွေ့အကြုံများ ပေးစွမ်းနိုင်ရန် ခေတ်မီတိုးတက်သော နည်းပညာများကို ဆက်လက် သုတေသနပြု လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။ 

(ဒီသတင်းကို OPPO Myanmar မှပံ့ပိုးကူညီထားပါတယ်)


Author


က္က