လာမယ့်နှစ်အနည်းငယ်အတွင်း ဒေါ်လာ ၂ ထရီလီယံအထိ ရောက်လာနိုင်ပါတယ်။

COVID-19 ကမ္ဘာ့ကပ်အတွင်းမှာ Apple ရဲ့ စတော့တန်ဖိုးဟာ စံချိန်တင်မြင့်တက်သွားခဲ့ပါတယ်။

Apple ရဲ့ ရှယ်ယာဈေး တစ်စုကို ၃၅၂.၀၅ ဒေါ်လာအထိ မြင့်တက်လာပြီးနောက် ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁.၅ ထရီလီယံကို ကျော်လွန်ခဲ့တယ်လို့ MacRumors သတင်းက ဆိုပါတယ်။ ဒါဟာ အမေရိကန်ကုမ္ပဏီတွေထဲမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁.၅ ထရီလီယံကျော်တန်တဲ့ ပထမဆုံးကုမ္ပဏီအဖြစ် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။



Photo: MacRumours


ရှယ်ယာအစုပေါင်း ၄.၃ ဘီလျံခန့်ရှိတာဖြစ်လို့ တစ်စုကို ၃၅၂ ဒေါ်လာဈေးနဲ့ တွက်မယ်ဆိုရင် Apple ရဲ့ လက်ရှိဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁.၅၃ ထရီလီယံဝန်းကျင် ရှိမှာ ဖြစ်ပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဩဂုတ်လမှာ ဒေါ်လာ ၁ ထရီလီယံတန် ကုမ္ပဏီအဖြစ် ပထမဆုံး ရောက်ရှိခဲ့ပါတယ်။ သမိုင်းမှာ ဒေါ်လာ ၁ ထရီလီယံတန်ကြေးရှိတဲ့ ပထမဆုံးအမေရိကန်ကုမ္ပဏီလည်း ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ရှယ်ယာအရေအတွက်စုစုပေါင်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း စတော့တွေ အကြီးအကျယ် ပြန်ဝယ်မှုကြောင့် ကျဆင်းခဲ့ပါတယ်။ ရှယ်ယာအရေအတွက် နည်းခဲ့ပေမယ့် ကျန်တဲ့ ရှယ်ယာရဲ့ တန်ဖိုးကတော့ မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။ Apple ရှယ်ယာတန်ဖိုးဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ ၂၂၉ ဒေါ်လာ အထိ ကျဆင်းခဲ့ရာကနေ ဒီလထဲမှာ ထိုးတက်သွားခဲ့တာပါ။

Photo: ilounge


ဈေးကွက်လေ့လာသူတွေကတော့ ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ ရှိတဲ့ Apple ရဲ့ ပထမဆုံး 5G ဖုန်းကြောင့် ဝင်ငွေအားကောင်းလာဖို့လည်း မျှော်မှန်းထားပါတယ်။ Apple ဟာ စမတ်နာရီဈေးကွက်မှာလည်း ရောင်းအားမြင့်တက်နေပါတယ်။ Strategy Analytics ရဲ့ အဆိုအရ ၂၀၂၀ ပထမသုံးလပတ်အတွင်း Apple ဟာ စမတ်နာရီ အလုံးရေ ၇.၆ သန်းအထိ ရောင်းချခဲ့ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

တကယ်လို့ ဒီခန့်မှန်းချက် မှန်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့နှစ် ကာလတူရောင်းအား ၆.၂ သန်းထက် ၂၃% မြင့်တက်လာတာ ဖြစ်ပါတယ်။ Apple ကတော့ Watch series ရောင်းအားကို ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က