‌crytpo ငွေလွှဲငွေသွင်းကိစ္စ ၂ ပတ်ကျော် ရပ်နားထားပါတယ်

တောင်ကိုရီးယား cryptocurrency exchange တစ်ခု ဖြစ်တဲ့ Upbit ဟာ Ethereum ပေါင်း ၃၄၂၀၀၀ အခိုးခံရတယ်လို့ အတည်ပြုထားပါတယ်။

Hot Wallet လို့ခေါ်တဲ့ အင်တာနက်နဲ့ ချိတ်ဆက်ပြီး အွန်လိုင်းပေါ် သိမ်းထားတဲ့ cryptocurrency wallet ထဲကို ဟက်ကာတွေ ဝင်ရောက် ခိုးယူသွားတာ ဖြစ်တယ်လို့ Upbit ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ထုတ်ပြန်ထားပါတယ်။ Upbit ရဲ့ မိခင်ကုမ္ပဏီ CEO လီဆွတ်ခ်ဝူးရဲ့ ပြောကြားချက်အရ ဒေသစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် နေ့လည် ၁ နာရီခန့်မှာ အမည်မသိဟက်ကာတစ်ဦးဟာ Upbit ရဲ့ wallet ထဲကနေ သူ့ရဲ့ wallet ထဲ Ethereum တွေ လွှဲပြောင်းသွားတယ်လို့ ဆိုပါတယ်။


Photo: coinspeaker


cryptocurrency အခိုးရခံရပြီးနောက် အနည်းဆုံး ၂ ပတ်အထိ Upbit မှာ Cryptocurreny အသွင်းအထုတ်လုပ်မှုအားလုံး ရပ်ဆိုင်းထားပါတယ်။ ဆုံးရှုံးမှုတွေအတွက် Upbit အနေနဲ့ ကိုယ်ပိုင် Ethereum ထဲက စိုက်လျော်သွားမယ်လို့ ဆိုပါတယ်။ Upbit ထဲက cryptocurrency တွေကိုလည်း Hot Wallets လိုမျိုး ဖုန်းနဲ့ လက်ပ်တော့တွေပေါ်က ဆော့ဖ်ဝဲလ်အခြေခံ သိုလှောင်မှု ပုံစံကနေ standalone devices တွေပေါ်မှာ offline သီးသန့် သိမ်းမယ့် cold wallet စနစ်ထဲ ပြောင်းထားပါတယ်။

Cryptocurrency Exchange တွေ အခိုးခံရခြင်းဟာ မကြာခဏဆိုသလို ကြားနေကြုံနေရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ဟက်ကာတွေဟာ Binance ဆီက ဒေါ်လာ သန်း ၄၀ ဖိုး ၊ Bitpoint ဆီက ဒေါ်လာ ၃၂ သန်းဖိုး ၊ Bitrue ဆီက ဒေါ်လာ ၄.၂ သန်းဖိုး တန်ကြေးရှိတဲ့ crypto များ ခိုးယူခဲ့ပါတယ်။

Cryptocurrency ငွေကြေး ထောက်လှမ်းရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ CipherTrace ကတော့ ၂၀၁၉ ခုနှစ် ၉ လတာအတွင်း ဒီဂျစ်တယ်ရာဇဝတ်မှုများအနက် cryptocurrency များ အခိုးခံရမှုကြောင့် ဒေါ်လာ ၄.၄ ဘီလျံကျော် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။



က္က