ဒရုန်း ၆ စင်း ခိုးခံရတာပါ

အမေရိကန်တစ်ဝှမ်းဖြစ်ပွားနေတဲ့ ဆန္ဒပြမှုနဲ့ လုယက်မှုများအတွင်း DJI ရဲ့ မက်ဟန်တန်စတိုးမှ ဒရုန်းများလည်း ခိုးယူခံလိုက်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ် စနေနေ့မှာ မက်ဟန်တန်မှာ ရှိတဲ့ DJI ဒရုန်းစတိုးတစ်ခုမှ ဒရုန်း ၆ စင်းကို လုယက်သွားကြတာ ဖြစ်ပြီး အခုထိ ပြန်မရသေးဘူးလို့လည်း DroneDJ ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ အခိုးခံလိုက်ရတဲ့ ဒရုန်းတွေရဲ့ တန်ဖိုးဟာ စုစုပေါင်း ဒေါ်လာ ၁၆၀၀၀ ဝန်းကျင် (မြန်မာငွေ ၂၂၄ သိန်းကျော်) ရှိမယ်လို့လည်း ဆိုပါတယ်။



Photo: fox5ny

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အနောက် ၅၂ လမ်းအနီး ဘရော့ဒ်ဝေးမှ DJI စတိုးကို လူ ၅ ဦးက ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ စောင့်ကြည့်ကင်မရာကနေ ဖမ်းယူရရှိခဲ့တဲ့ ပုံတွေအရ ဆိုင်မှန်တံခါး ခွဲပြီး ဝင်ရောက်လုယက်သွားသူတွေဟာ တန်ဖိုးကြီး Quadcopters ဒရုန်း ၆ ခုကို ခိုးယူသွားခဲ့တာ တွေ့ခဲ့ရပါတယ်။ အခိုးယူခံရတဲ့ ဒရုန်းတွေဟာ Inspire 1 ၊ Inspire 2 နဲ့ remote တစ်ခုနဲ့ Phantom 4 ဒရုန်းတို့လည်း ပါဝင်နေပါတယ်။

ဒါ့အပြင် DJI Racing Edition FPV Goggles နဲ့ Ronin-S သို့မဟုတ် Ronin-SC camera gimbal တို့လည်း လုယက်ခံရဖွယ် ရှိတယ်လို့ ဆိုပါတယ်။ လုယက်သွားသူတွေကတော့ အခုထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာပဲ ဆန္ဒပြမှုများနဲ့အတူ တွဲပါလာတဲ့ လုယက်သူတွေဟာ Apple Store တွေထဲက iPhone များ လုယက်သွားတာကြောင့် ဖုန်းများ ပြန်အပ်ဖို့ ကုမ္ပဏီမှ မက်ဆေ့များ ပေးပို့ခဲ့ပါတယ်။ 

မကြာသေးခင်ကပဲ ပြန်ဖွင့်ခဲ့တဲ့ ဝါရှင်တန် ဒီစီ ၊ လော့စ်အိန်ဂျလိစ် ၊ ဆန်ဖရန်စစ္စကို ၊ နယူးယော့ခ်နဲ့ ဖီလာဒီဖီးယားမြို့များမှ Apple Store ဆိုင်တွေဟာ ဂျော့ချ်ဖလွိုက်အမှုကြောင့် ဆန္ဒပြမှုများဖြစ်လာပြီးနောက် ပြန်ပိတ်ထားရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က