Microsoft Store နဲ့ Mac App Store တွေမှာ ရယူနိုင်မှာပါ

စာပို့ခြင်းနဲ့ ရုပ်သံ Chatting ထိုင်ခြင်းကို ကွန်ပျူတာကနေ လုပ်ချင်သူတွေ ပိုအဆင်ပြေစေမယ့် Windows နဲ့ Mac အတွက် Facebook ရဲ့ Messenger app သစ် ထွက်လာပြီ ဖြစ်ပါတယ်။



standalone desktop app အနေနဲ့ ထွက်လာတဲ့ Messenger app ကို Microsoft Store နဲ့ Mac App Store တွေမှာ ရယူနိုင်မှာ ဖြစ်တယ်လို့ The Verge သတင်းက ဆိုပါတယ်။သူငယ်ချင်းတွေနဲ့ အပြန်အလှန်စာပို့တာ ၊ Video Call ခေါ်ဆိုတာကိုလည်း မိုဘိုင်းနဲ့ ဝက်ဘ်ဗားရှင်းတွေအတိုင်း သုံးနိုင်မှာပါ။

Photo: Unbox


desktop app ဟာ screen အကြည့်များသူတွေ မျက်စိမနာစေဖို့ dark mode စနစ်လည်း ပါလာပါတယ်။app သစ်ဟာ Facebook အကောင့်နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပြီး အီးမေးလ်နဲ့ ဖုန်းနံပါတ်တွေ မလိုဘဲ ရှိပြီးသား သူငယ်ချင်းတွေနဲ့ Chatting ထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် devices အမျိုးမျိုးနဲ့ ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုနိုင်သလို Unlimited အခမဲ့ ရုပ်သံနဲ့ group call တွေပါ လုပ်နိုင်မယ်လို့ ဆိုပါတယ်။

Facebook ရဲ့ Messenger desktop app ဟာ လက်ရှိ နာမည်ကြီးလာတဲ့ Zoom ရုပ်သံအစည်းအဝေးပလက်ဖောင်းကို ယှဉ်ပြိုင်ဖို့အတွက် ထွက်လာတာလို့ ဆိုနိုင်ပါတယ်။ COVID-19 ကာလအတွင်း Video conferencing tools အသုံးပြုမှု တဟုန်းထိုးမြင့်တက်လာပြီးနောက် Facebook ဟာ ရုပ်သံခေါ်ဆိုမှုလုပ်ရာမှာ ပိုမို လွယ်ကူအဆင်ပြေစေဖို့ Messenger desktop app (Full Version) ကို ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။

Facebook Messenger ပေါ်မှာ ရုပ်သံခေါ်ဆိုမှုအတွက် web browers သုံးသူဦးရေ ၁၀၀% ကျော် တိုးလာကြောင်း သတိပြုမိတာကြောင့် app သစ်ကို ဖြန့်ချိလိုက်တာလို့လည်း Facebook က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က