loading...

loading...

loading...

မောင်းသူမဲ့ကားတွေ ခေတ် ရောက်တော့မလား
Nyein Min Wai

တရုတ်နိုင်ငံရဲ့ Uber လို့တင်စားခံရတဲ့ Didi Chuxing တက္ကစီဝန်ဆောင်မှုဟာ ယာဉ်မောင်းမပါတဲ့ တက္ကစီဝန်ဆောင်မှုကို ရှန်ဟိုင်းမှာ စမ်းသပ်နေပြီ ဖြစ်ပါတယ်။

Didi ဟာ ရှန်ဟိုင်း ဂျာဒင်းခရိုင်က လမ်းတွေပေါ်မှာ မောင်းသူမဲ့ ယာဉ်တွေ စမ်းသပ်သွားမှာ ဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာ တစ်ခြားခရိုင်တွေမှာလည်း စမ်းသပ်သွားမယ်လို့The Verge သတင်းက ဖော်ပြထားပါတယ်။ လက်ရှိမှာ Level 4 အဆင့် မောင်းသူမဲ့ယာဉ် မော်ဒယ်အမျိုးအစား ၃၀ နဲ့စမ်းသပ်သွားမယ်လို့လည်း Didi ကုမ္ဗဏီက ဆိုပါတယ်။

Photo: The Verge

Didi ဟာ app နဲ့ကားငှားနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ယခုမောင်းသူမဲ့ကားတွေကို app ကနေပဲ ငှားနိုင်မှာ ဖြစ်ပါတယ်။ စမ်းသပ်မှူကာလမှာတော့ ယာဉ်မောင်းတစ်ဦး ထားသွားဖို့ရှိပြီး အခုလို စမ်းသပ်နေချိန်မှာ ကားငှားမှုအားလုံးကို အခမဲ့ ငှားရမ်းနိုင်မယ်လို့ဆိုပါတယ်။

“ မီဂါစီးတီး မြို့တစ်မြို့ရဲ့ ရှုပ်ထွေးတဲ့ ယာဉ်လမ်းကြောအခြေအနေတွေမှာ Didi ကုမ္ဗဏီအနေနဲ့Robo-taxi ပရောဂျက်စတင်တဲ့ကာလအတွင်းမှာ မောင်းသူမဲ့ကားတွေရော လူပါ ယာဉ်တွေပါ သုံးသွားမှာပါ” လို့Didi ကုမ္ဗဏီက ဆိုပါတယ်။

Photo: mobilemarketingmagazine

Didi ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လထဲမှာ Uber ရဲ့တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို ဝယ်ယူခဲ့ပြီး Uber မှာ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ Didi ဟာ Uber ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Lyft ၊ အိန္ဒိယမှ Ola ၊ စင်ကာပူအခြေစိုက် Grab ၊ အက်စတိုးနီးယားမှ Taxify နဲ့အရှေ့အလယ်ပိုင်းမှ Careem အပြင် ဘရာဇီးမှ 99 တို့မှာလည်း ရင်းနှီးမြှပ်နှံမှုလုပ်ထားပါတယ်။

တရုတ်နည်းပညာကုမ္ဗဏီတစ်ခု ဖြစ်တဲ့ Baidu ဟာလည်း ယခုနှစ်ကုန်ပိုင်း Changsha မှာ robotaxi ဝန်ဆောင်မှုတစ်ခု လုပ်ဆောင်သွားဖို့ရှိသလို Pony.ai ကလည်း ဂေါင်ကျိုးပြည်နယ် နန်ရှာခရိုင်မှာ မောင်းသူမဲ့အငှားကား ဝန်ဆောင်မှုတစ်ခု စမ်းသပ်နေပါတယ်။


loading...

က္က