One-Stop Solution ပေးထားပါတယ်
Nyein Min Wai

ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေအပြင် ဒီဂျစ်တယ် လူမှုအတွေ့အကြုံသစ်တွေ ပါဝင်တဲ့ MyID app ကို MyTel မှ မိတ်ဆက်ထားပါတယ်။

MyID app ထဲမှာ ရုပ်သံဖျော်ဖြေရေးပိုင်းအတွက် ဗွီဒီယိုနဲ့ သီချင်းတွေကြည့်နိုင်မယ့် Entertainment ၊ MyTel subscriber တွေနဲ့ စကားပြေဆက်သွယ်နိုင်မယ့် MyID Messenger ၊ အနီးအနားမှာ ရှိတဲ့ သူငယ်ချင်းသစ်တွေ ရှာဖွေပြီး သူငယ်ချင်းတွေနဲ့အတူ သီချင်းနားထောင် ဗွီဒီယိုကြည့်နိုင်မယ့် Stranger ကဏ္ဍ နဲ့ Shake More ဂိမ်းတွေ ထည့်ပေးထားတာ တွေ့ရပါတယ်။

Photo: MyTel Myanmar


ဒီ app ထဲမှာ Selfcare နဲ့ Loyalty ဆိုပြီး စိတ်ဝင်စားစရာ feature နှစ်ခု ပါလာပါတယ်။ Loyalty ဆိုတဲ့ ကဏ္ဍထဲမှာ MyTel ဝန်ဆောင်မှု သုံးသူတိုင်း points တွေ ပေးထားပြီး point အရေအတွက် နဲ့ ကိုယ့်ရဲ့ membership level အခြေအနေ ကြည့်နိုင်မှာပါ။ နောက်ပိုင်းမှာ အဲ့ဒီ points တွေနဲ့ telecom ဆုတွေ သွားလဲနိုင်သလို နာမည်ကြီး brands တွေရဲ့ ကူပွန် vouchersတွေကို ဆုအဖြစ်နဲ့ ပြန်လဲနိုင်မယ်လို့ ဆိုပါတယ်။

Selfcare ဆိုတဲ့ အပိုင်းထဲမှာတော့ အသုံးပြုသူတွေဟာ MyTel နံပါတ် ၂ ခုမက ထည့်သုံးနိုင်သလို ကိုယ့်အကောင့်ရဲ့ အချက်အလက်် အသေးစိတ်အချက်အလက်တွေကို စစ်ဆေးနိုင်သလို ဖုန်းငွေဖြည့်သွင်းခြင်း ၊ package ဝယ်ယူခြင်း စတဲ့ ဝန်ဆောင်မှုတွေကို တစ်နေရာထဲမှာ one-stop service အနေနဲ့ ရမှာပါ။

MyID app ဟာ Android နဲ့ iOS ဗားရှင်းတွေနဲ့ ထွက်ထားပြီး Google Play Store နဲ့ App Store တွေကနေ download ဆွဲနိုင်မှာ ဖြစ်ပါတယ်။


ယခုသတင်းဆောင်းပါးကို MyTel Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။


Author


က္က