Facebook သုံးစွဲသူအားလုံးအတွက် redesign လုပ်ထားတဲ့ Interface သစ်ကို မိတ်ဆက်လိုက်ပါတယ်။

   လနဲ့ချီ စမ်းသပ်မှုတွေ လုပ်ပြီးနောက်မှာ ဒီဇိုင်းသစ်ပြောင်းထားတဲ့ Facebook ဗားရှင်းသစ်ကို တရားဝင်မိတ်ဆက်လိုက်တာပါ။ ပြီးခဲ့တဲ့နှစ် F8 Developer ကွန်ဖရင့်ပွဲမှာ ကြေညာခဲ့တဲ့ Facebook ရဲ့ Desktop ဗားရှင်းသစ်ဟာ ယခုနှစ် နှစ်ဆန်းပိုင်း သုံးစွဲသူအနည်းငယ်ဆီ စမ်းသပ်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံးက သုံးစွဲသူတွေဆီ အ‌ရောက် ဖြန့်ချိသွားမယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။




Photo: Engadget


   ရှေ့ဆက်ပြီး Facebook ကို ကွန်ပျူတာကနေ သုံးစွဲသူတိုင်းအတွက် Default အဖြစ် ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။ Facebook interface သစ်ကို ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက သုံးစွဲသူ အများစု သတိထားမိလာတာပါ။ Interface သစ်ရဲ့ အပေါ်ဘားမှာ website ရဲ့ home ၊ watch ၊ marketplace ၊ group နဲ့ gaming pages ဆိုပြီး လူသုံးများတဲ့ tab တွေထဲ အလွယ်တကူ ဝင်နိုင်အောင် လုပ်ထားပါတယ်။

   Facebook ဟာ ဒီဇိုင်းသစ်မှာ dark mode ပါ အလွယ်တကူပြောင်းနိုင်အောင် ထည့်ပေးထားပါတယ်။ dark mode ကိုတော့ drop-down Settings ထဲမှာ toggle နဲ့ အဖွင့်အပိတ် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ home page ဟာ page တွေ အကြား ကူးပြောင်းကြည့်ရှုရာမှာ ပိုပြီး မြန်ဆန်သွက်လက်လာမယ်လို့ ဆိုပါတယ်။ မတူညီတဲ့ Window sizes တွေနဲ့လည်း အချိုးကျကျ လုပ်ဆောင်နိုင်မယ့် responsive ဒီဇိုင်း လုပ်ထားပါတယ်။


Photo: Engadget

   "Facebook.com ကို စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက အဆင့်မြှင့်တင်လာတာပါ။ ကျွန်တော်တို့ဟာ features သစ်တွေ ၊ ထုတ်ကုန်သစ်တွေနဲ့ OS တွေ ပိုကောင်းအောင် ၊ ဘာသာစကားရာပေါင်းများစွာ သုံးနိုင်အောင် တိုးချဲ့ထားပါတယ်။ "လို့ Facebook က ရေးထားပါတယ်။ ကုမ္ပဏီအနေနဲ့ မကြာသေးမီက Facebook ရဲ့ မိုဘိုင်းအတွေ့အကြုံဘက်ကို ဦးစားပေးခဲ့ပြီး desktop site ဘက်ကိုလည်း အာရုံစိုက်ဖို့ လုပ်လာတယ်လို့ ဆိုပါတယ်။

   Facebook interface သစ်ကို ပြောင်းမယ်ဆိုရင် Facebook homepage ကို သွားပြီး ညာဘက်အပေါ်ထောင့်က down arrow button နှိပ်ပြီး Switch to New Facebook ကို ရွေးချယ်ရမှာပါ။ Dark Mode ပြောင်းမယ်ဆိုရင်လည်း Dark Mode toggle နှိပ်ပြီး ပြောင်းရမှာ ဖြစ်ပါတယ်။ တကယ်လို့ Facebook interface သစ်ကို မရသေးဘူးဆိုရင်တော့ ရက်အနည်းငယ်စောင့်ရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က