WWDC ပွဲအလွန်မာ မြင်ရဖို့ ရှိပါတယ်

၂၀၂၀ ဒုတိယနှစ်ဝက်အတွင်းမှာ Apple ဟာ iMac နဲ့ iPad မော်ဒယ်သစ်တွေ ဖြန့်ချိသွားဖို့ ရှိပါတယ်။

၂၀၂၀ ဒုတိယခြောက်လဟာ ဇွန်လ ၂၂ ရက်နေ့မှာ စတင်ကျင်းပသွားမယ့် WWDC ပွဲအပြီး တစ်ပတ်ကနေ စတင်မှာပါ။ DigiTimes သတင်းအရ Apple ဟာ မျက်နှာပြင် ၁၀.၈ လက်မ iPad Air သစ်နဲ့ မျက်နှာပြင် ၂၃ လက်မအရွယ် iMac တို့ကို လက်ကျန် ဒုတိယနှစ်ဝက်မှာ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ မိတ်ဆက်မယ့်ရက် အတိအကျတော့ ထွက်မလာသေးပါဘူး။



Photo: macrumors


သတင်းတွေအရ Apple ဟာ ၁၀.၈ လက်မ iPad Air အပြင် မျက်နှာပြင် ၈လက်မနဲ့အထက် iPad Mini နဲ့ mini-LED display ပါ ၁၂.၉ လက်မအရွယ် iPad Pro သစ်တစ်လုံးလည်း မိတ်ဆက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ နာမည်ကြီး Apple သတင်းသုံးသပ်သူ မင်ချိကုအိုကလည်း အလားတူ ခန့်မှန်းမှုတွေ လုပ်ထားတာဖြစ်လို့ ဒီသတင်းဟာ အတော်လေးကို နီးစပ်နိုင်ပါတယ်။

Apple ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ မျက်နှာပြင် ၁၀.၂ လက်မ iPad Air ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ၁၀.၈ လက်မ ၂၀၂၀ မော်ဒယ် iPad Air သစ်ထုတ်လုပ်မှုဟာ ဒီနှစ် တတိယသုံးလပတ်အတွင်းမှာ စတင်သွားဖို့ ရှိပါတယ်။ panel supplier အနေနဲ့ iPad Air အတွက် LG Display ၊ BOE Technology နဲ့ Sharp တို့မှ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး Backlit Unit ထုတ်လုပ်တဲ့ Radiant ကလည်း iPad နဲ့ Mac ထုတ်ကုန်သစ်တွေအတွက် BLUs တွေ တင်ပို့ပေးသွားမယ်လို့ ဆိုပါတယ်။

iMac သစ် သတင်းတွေကတော့ ပြီးခဲ့တဲ့ဧပြီလကတည်းက သတင်းထွက်ထားတာ ဖြစ်လို့ ဇွန်လတတိယအပတ်မှာ ကျင်းပမယ့် Apple ရဲ့ WWDC 2020 မှာပါ မိတ်ဆက်သွားမလားဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က