တရုတ် စစ်လက်နက် ကုမ္ပဏီကို ပေးပို့ခဲ့တာလို့ဆိုပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်က ပါမောက္ခတစ်ဦးဟာ ဒုံးကျည်လက်နက်သုံး လျှပ်ကူးနည်းပညာကို တရုတ်ကို ပေးပို့မှုနဲ့ထောင်ဒဏ်နှစ် ၂၂၀ နီးပါး ကျခံစေဖို့အမိန့်ချမှတ်ခံထားရပါတယ်။

         ကယ်လီဖိုးနီးယား ဖက်ထရယ် တရားရုံးဟာ လော့စ်အိန်ဂျလိစ် ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ် UCLA မှ လျှပ်စစ်အင်ဂျင်နီယာနဲ့ပါမောက္ခ ယီချီရှင်းကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့The Verge သတင်းမှာ ဖော်ပြထားပါတယ်။ ယီချီရှင်းဟာ တရားမဝင် တင်ပို့မှုနဲ့တစ်ခြားအမှုပေါင်း ၁၈ ခုနဲ့တရားစွဲခံထားရတာပါ။



Photo: SCMP

         ရှင်းနဲ့အတူ အမှုကျူးလွန်ခဲ့တဲ့ ကီးယက်အန်းမိုင်ဟာလည်း အမေရိကန် Semiconductor ချပ်စ်ကုမ္ပဏီတစ်ခုကို ပူးပေါင်း လိမ်လည်ခဲ့တယ်လို့ဆိုပါတယ်။ ဖက်ထရယ်တရားရုံး ရှေ့နေတွေရဲ့ အဆိုအရ မိုင်ဟာ အမည်မဖော်ထားတဲ့    ဒုံးကျယ်နဲ့တစ်ခြားစစ်လက်နက် ပစ္စည်းတွေအတွက် မိုက်ခရိုဝေ့ဖ်ချပ်စ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ ချပ်စ်ဒီဇိုင်းကို ရဖို့အတွက် ဖောက်သည် အယောင်ဆောင်ခဲ့တယ်လို့ပြောခဲ့ပါတယ်။

         ကီးယက်အန်းမိုင်ဟာ ဒီနည်းနဲ့အမေရိကန်က ချပ်စ်ဒီဇိုင်း ထုတ်ကုန်တွေကို တရုတ်နိုင်ငံကို တရားမဝင် ပေးပို့ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ သူပို့ခဲ့တဲ့ ကုမ္ပဏီမှ ယီချီရှင်းဟာ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ငွေချေတာကိုတော့ အမေရိကန်နိုင်ငံ အခြေစိုက် ဘဏ်အကောင့်တစ်ခုကနေ ငွေချေခဲ့ပါတယ်။

Photo: Engadget

         သူတို့ခိုးယူခဲ့တဲ့ ချပ်စ်တွေဟာ စစ်လက်နက် ဒုံးကျယ်စနစ်များ ၊ ဒုံးကျယ်လမ်းကြောင်းပြစနစ် ၊ ဖိုက်တာဂျက်လေယာဉ်များ ၊ လျှပ်စစ် စစ်ဆင်ရေး နှင့် တန်ပြန်တိုက်ခိုက်ရေး ၊ ရေဒါစနစ်များမှာ သုံးတာပါ။ ဒီချပ်စ်တွေကို သူတို့ပေးပို့ခဲ့တဲ့ ကုမ္ပဏီဟာ Chengdu GaStone Technology ကုမ္ပဏီ ဖြစ်ဖွယ်ရှိတယ်လို့Engadget သတင်းမှာ ဖော်ပြထားပါတယ်။ Chengdu GaStone Technology ဟာ မကြာသေးမီကပဲ အမေရိကန်ကုန်သွယ်ရေးဌာနကနေ လုံခြုံရေး စိုးရိမ်ချက်နဲ့ကုန်သွယ်မှု ပိတ်ပင်ထားတဲ့ Entity List မှာ ပါခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က