TikTok ကို အိန္ဒိယအစိုးရမှ ပိတ်ပင်ထားပါတယ်

Bytedance ပိုင် TikTok ကုမ္ပဏီဟာ လူမှုကွန်ရက်စံနဲ့ မညီတဲ့ ဗွီဒီယိုတွေ ဖြုတ်ချခဲ့ပြီး ပြီးခဲ့တဲ့ ဒုတိယနှစ်ဝက်မှာ အိန္ဒိယမှ ဗွီဒီယိုပေါင်း ၁၆ သန်းကျော် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

TikTok ဟာ ၂၀၁၉ ဒုတိယ ၆ လဖြစ်တဲ့ ဇူလိုင်ကနေ ဒီဇင်ဘာအတွင်း ပွင့်လင်းမြင်သာမှုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီအနေနဲ့ အဲဒီ ၆ လအဝင်းမှာ ဗွီဒီယိုပေါင်း ၄၉ သန်းကျော် ဖယ်ရှားခဲ့တယ်လို့ The Next Web သတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ TikTok ပလက်ဖောင်းပေါ်မှာ ရောက်လာခဲ့တဲ့ ဗွီဒီယိုစုစုပေါင်းရဲ့ ၁% ပဲ ရှိတာ ဖြစ်ပါတယ်။



Photo: TNW


လူမှုကွန်ရက်စံနဲ့ မညီတဲ့ ဗွီဒီယိုတွေရဲ့ ၉၈.၂% ကို ကြည့်ရှုသူတွေက တိုင်တန်းမှုမလုပ်ခင်မှာ AI systems တွေကနေ တွေ့ရှိဖြုတ်ချခဲ့တာ ဖြစ်တယ်လို့ ကုမ္ပဏီက ဖယ်ရှားခဲ့ပါတယ်။ ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားခံရတဲ့ ဗွီဒီယိုတွေရဲ့ ၈၉.၄% ဟာ ကြည့်ရှုသူ ၁ ယောက်တောင် မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

TikTok ပေါ်ကနေ ဗွီဒီယိုဖယ်ရှားခံရမှုအများဆုံး နိုင်ငံဟာ အိန္ဒိယဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ဒုတိယ ၆ လအတွင်း ဗွီဒီယိုပေါင်း ၁၆.၄၅ သန်းကျော် ဖယ်ရှားခံခဲ့ရပါတယ်။ အိန္ဒိယရဲ့ နောက်မှာတော့ အမေရိကန် ၊ ပါကစ္စတန်နဲ့ ယူကေတို့က ဗွီဒီယိုပေါင်း ၄.၅ သန်းကျော် ၊ ၃.၇ သန်းကျော်နဲ့ ၂ သန်းကျော်စီ ဖယ်ရှားခံရပြီး အစဉ်အတိုင်း ရပ်တည်နေပါတယ်။

၂၀၁၉ ဒုတိယ ၆ လအတွင်း အိန္ဒိယအာဏာပိုင်တွေဟာ TikTok ကို သုံးစွဲသူအချက်အလက်ပေးဖို့ အကြိမ်ပေါင်း ၃၀၂ ကြိမ်တောင်းဆိုခဲ့ပြီး ဗွီဒီယို content ဖယ်ရှားဖို့ အကြိမ် ၃၀ တောင်းဆိုမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ TikTok အပါအဝင် တရုတ်ပိုင် app ပေါင်း ၆၀ ခန့်ကို အိန္ဒိယအစိုးရဟာ နိုင်ငံ့လုံခြုံရေးအရ ပိတ်ပင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က