Xiaomi ကတော့ အိန္ဒိယမှာ နံပါတ်တစ် ဖြစ်နေဆဲပါ

၂၀၂၀ ဒုတိယသုံးလပတ် ဖြစ်တဲ့ ဧပြီကနေ ဇွန်လအတွင်း အိန္ဒိယစမတ်ဖုန်းဈေးကွက်ဟာ အဆိုးရွားဆိုး ဝယ်လိုအားကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ စမတ်ဖုန်းရောင်းအားဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ထိုးနှက်ချက်ကြောင့် သိသိသာသာ ကျဆင်းသွားတာ ဖြစ်ပါတယ်။ ဈေးကွက်သုတေသနကုမ္ပဏီ Canalys ရဲ့ အစီရင်ခံစာအရ ဒုတိယသုံးလပတ်အတွင်း အိန္ဒိယနိုင်ငံစမတ်ဖုန်းတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၄၈% အထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။



Photo: Gizmochina


ဒါဟာ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရောင်းအားကျဆင်းမှုတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၂၀ ဒုတိယသုံးလပတ်မှာ အိန္ဒိယနိုင်ငံအတွင်း စမတ်ဖုန်းတင်ပို့မှုဟာ အလုံးရေ ၁၇.၃ သန်းခန့်ပဲ ရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကာလတူ ဒုတိယသုံးလပတ်မှာတော့ စုစုပေါင်း အလုံးရေ ၃၃ သန်း တင်ပို့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၀ ပထမသုံးလပတ်မှာလည်း အိန္ဒိယနိုင်ငံအတွင်း စမတ်ဖုန်းတင်ပို့မှုဟာ စုစုပေါင်း အလုံးရေ ၃၃.၅ သန်း ရှိခဲ့တယ်လို့ Canalys က ဆိုပါတယ်။ COVID-19 ဖြစ်ပွားမှုအမြင့်ဆုံး နိုင်ငံထဲမှာ ပါနေတဲ့ အိန္ဒိယနိုင်ငံမှာ စမတ်ဖုန်းတင်ပို့မှု ထိုးကျသွားတာ အံ့အားသင့်စရာတော့ မရှိပါဘူး။ အာဏာပိုင်တွေဟာ မတ်လနောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသွားအလာကန့်သတ်တဲ့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

Photo: Tech Crunch

Lockdown အတွင်း ဆိုင်အားလုံး ပိတ်ထားခဲ့ရပြီး ကုန်စုံဆိုင်နဲ့ ဆေးဆိုင်တွေပဲ ဖွင့်ခွင့်ပေးထားခဲ့တာပါ။ e-Commerce လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Amazon နဲ့ Flipkart တို့လည်း လူသုံးကုန်အဖြစ် မရှိမဖြစ် မလိုအပ်တဲ့ စမတ်ဖုန်းနဲ့ တစ်ခြားပစ္စည်းများ ရောင်းချခွင့် ပိတ်ပင်တားမြစ်ခံထားရပါတယ်။ COVID-19 ကပ်ရောဂါနဲ့အတူ တရုတ်နဲ့ အိန္ဒိယအကြား တင်းမာမှုကြောင့် အိန္ဒိယမှာ တရုတ်နိုင်ငံလုပ် ပစ္စည်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။

အိန္ဒိယစမတ်ဖုန်းဈေးကွက်မှာ Xiaomi ဟာ နံပါတ်တစ်နေရာမှ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ကြီးစိုးနေပြီး ဒုတိယ ၊ တတိယ ၊ စတုတ္ထနဲ့ ပဉ္စမနေရာတွေမှာ Vivo ၊ Samsung ၊ OPPO နဲ့ Realme တို့ ရပ်တည်နေပါတယ်။ တစ်ခြား စမတ်ဖုန်းထုတ်လုပ်သူတွေ ဖြစ်တဲ့ Apple ၊ OnePlus ၊ Lenovo Motorola ၊ Asus ၊ Tecno ၊ Infinix စတဲ့ OEM တွေရဲ့ စမတ်ဖုန်းရောင်းအားဟာ စုစုပေါင်း ၁.၄ သန်းပဲ ရှိပြီး ဈေးကွက်ဝေစုရဲ့ ၈.၁% ပဲ ပိုင်ဆိုင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က