အမေရိကန်မှာ လုပ်တဲ့ စစ်တမ်းတစ်ခုပါ
Nyein Min Wai

စမတ်ဖုန်းခေတ်မှာ လူတစ်ယောက်ကို ချမ်းသာသလား ၊ ဆင်းရဲသလား အကဲဖြတ်ဖို့နည်းလမ်းတစ်ခုကတော့ iPhone ကိုင်မကိုင်ဆိုတဲ့ အချက်လည်း ပါလာပါတယ်။

photo: macobserver

 

ချီကာဂို တက္ကသိုလ်မှ စီးပွားရေးပညာရှင်နှစ်ဦး ဖြစ်တဲ့ မာရီယန်နီး ဘာထရန်နဲ့အမ်မဲလ် ကာမန်နီကာတို့ပြုစုလိုက်တဲ့ စာတမ်းမှာ iPhone ၊ iPad ကိုင်တာကြည့်ပြီး အဲဒီလူ ပိုက်ဆံ ဘယ်လောက်ပိုင်သလဲဆိုတာကို တွက်လို့ရတယ်လို့ဖော်ပြထားပါတယ်။ ဒီစာတမ်းအရ iPhone ပိုင်သူတစ်ဦးဟာ ဝင်ငွေမြင့်တယ်ဆိုတာကို ၆၉% အနီးစပ်ဆုံး ခန့်မှန်းနိုင်တယ်လို့ဆိုပါတယ်။

"နှစ်နဲ့ချီပြီး ကျွန်တော်တို့ရထားတဲ့ အချက်အလက်တွေအရ ၂၀၁၆ ခုနှစ်မှာ Apple ထုတ် iPhone တစ်လုံး ပိုင်သူဟာ ဝင်ငွေမြင့်မားတယ်လို့မှန်းလို့ရပါတယ်။ " လို့စာတမ်းမှာ ဖော်ပြထားပါတယ်။ iPhone တွေကို စပြီး မိတ်ဆက်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကစပြီး iPhone တွေဟာ ဝင်ငွေအနေအထားကို ဖော်ပြတဲ့ ပုံသေပိုင်ဆိုင်မှုထဲက တစ်ခု ဖြစ်လာတယ်လို့ဆိုပါတယ်။

ချီကာဂို စီးပွားရေးပညာရှင် ၂ ဦးဟာ Mediamark Reserach Intelligence ရဲ့ အချက်အလက်များကို အသုံးပြုခဲ့ပြီး အဝတ်အစား အသုံးအဆောင်များ ၊ ကြည့်တဲ့ TV ရှိုးနဲ့ရုပ်ရှင်များ ၊ ဖတ်တဲ့ မဂ္ဂဇင်းများ ၊ ကိုင်ထားတဲ့ ပတ်စ်ပို့နဲ့သွားတဲ့ ခရီးများ စတဲ့ အချက်အလက်ပေါင်းစုံကို ကြည့်ပြီး တွက်ချက်ခဲ့တာပါ။ စစ်တမ်းအရ iPad ကိုင်သူတစ်ဦးဟာ ဝင်ငွေမြင့်နိုင်ခြေ ၆၆.၉% နဲ့Android ဖုန်းကိုင်သူဟာ ဝင်ငွေကောင်းဖို့ ၅၉.၅% နီးစပ်တယ်လို့ဖော်ပြထားပါတယ်။

Brandတွေ သုံးစွဲခြင်းဟာ ခေတ်အဆက်ဆက် ဆင်းရဲ ၊ ချမ်းသာ ၊ ဝင်ငွေ အနည်း/အများကို တစ်နည်းနည်းနဲ့ပြသနေတဲ့ အဆင်တန်ဆာတစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ Land O'Lakes တံဆိပ် ထောပတ်နဲ့Kikkoman ပဲငံပြာရည်ဟာ ဝင်ငွေကောင်းတဲ့ အိမ်ထောင်စုတွေရဲ့ အသုံးအဆောင်ဖြစ်ခဲ့ပါတယ်။

photo: Business Insider

 

တန်ဖိုးကြီး ဖုန်းတစ်လုံးဖြစ်တဲ့ iPhone ဟာ ဈေးကွက်ထဲရှိ အန်းဒရိုက်ဖုန်းတွေထက် ဈေးပိုများတာကြောင့် luxury brand တစ်ခု အဖြစ် ထင်ရှားပါတယ်။ နောက်ဆုံးထွက်ထားတဲ့ iPhone X ကတော့ အနည်းဆုံး ဒေါ်လာ ၁၀၀၀ နဲ့အထက် ဈေးနဲ့ရောင်းချနေတာပါ။


Author


က္က