ချောင်းဆိုး ပြရမှာပါ

ကမ်းဘရစ်ချ်တက္ကသိုလ်မှ သုတေသနပညာရှင်တွေဟာ လူတစ်ယောက်ရဲ့ ချောင်းဆိုးခြင်းနဲ့ စကားသံတွေကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသလားဆိုတာ စစ်ဆေးနိုင်မယ့် app တစ်မျိုး ရေးဆွဲနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကမ်းဘရစ်ချ်တက္ကသိုလ်ရဲ့ COVID-19 Sounds' webpage ကနေတစ်ဆင့် လူတွေရဲ့ ချောင်းဆိုးခြင်းနဲ့ အသက်ရှုမှုကို အသံမှတ်တမ်းအဖြစ် ကောက်ခံနေတယ်လို့လည်း Daily Mail သတင်းက ဖော်ပြထားပါတယ်။ ကောက်ခံရရှိထားတဲ့ အသံအချက်အလက်တွေကို တက္ကသိုလ် servers တွေထဲမှာ သွားသိမ်းမှာ ဖြစ်ပါတယ်။



Photo: The Register

လူတွေဆီက ချောင်းဆိုးသံ ၊ စကားပြောသံနဲ့ အသက်ရှု/ထုတ် လုပ်တဲ့ အသံတွေဟာ ဖျားနာခြင်ကို အလိုအလျောက် သိရှိနိုင်ဖို့ သုံးတဲ့ Machine-Learning Algorithm ကို အဆင့်မြှင့်ပေးမှာပါ။ app ကို COVID-19 Sounds app လို့ နာမည်ပေးထားပြီး ရေးဆွဲထားတဲ့ developer တွေကတော့ ဒါဟာ လူရဲ့ ချောင်းဆိုးခြင်းကနေ သူပြောတဲ့ စကားသံအထိ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ရာမှာ အကူအညီ ဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။

" ဒါက ရောဂါသရုပ်ခွဲတာပါပဲ။ အချိန်နဲ့ လုံလောက်တဲ့ အချက်အလက်သာ ရရင် ချောင်းဆိုးတာပဲ ဖြစ်ဖြစ် နောက်ဆုံး စကားပြောတာပဲ ဖြစ်ဖြစ် အဲဒီကနေ ကနဦး ရောဂါလက္ခဏာတွေ စိစစ်ဖို့ သုံးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။" လို့ app ရေးဆွဲမှုကို ဦးဆောင်နေသူတစ်ဦး ဖြစ်တဲ့ ကမ်းဘရစ်ချ် ကွန်ပျူတာ သိပ္ပံနှင့် နည်းပညာဌာန ပါမောက္ခ စဲလ်စီလီယာမားစ်ကိုလိုက ဆိုပါတယ်။

Photo: Daily Mail

ဒီပရောဂျက်ဟာ လက်ရှိမှာ webpage တစ်ခုအဖြစ် စတင် ဖြန့်ချိထားပြီး Android နဲ့ iOS တို့မှာလည်း app တွေအဖြစ် ထွက်လာမယ်လို့ ဆိုပါတယ်။ Webpage မှာလည်း စစ်တမ်းကောက်ရာမှာ ကျား/မ ၊ အသက်အရွယ် ၊ ဆေးကုသမှု မှတ်တမ်း ၊ အသံ နမူနာ နဲ့ တိတ်ဆိတ်တဲ့ နေရာမှာ စက္ကန့်အနည်းငယ် ကြာအောင် ချောင်းဆိုးပြရမှာ ဖြစ်ပါတယ်။

COVID-19 Sounds' webpage ဟာ Chrome နဲ့ Firefox browser နှစ်မျိုးပဲ support ပေးထားပြီး အသံဖမ်းယူမှု အဆင်မပြေတာကြောင့် iOS ထုတ်ကုန်တွေကို support ပေးမထားဘူးလို့လည်း ရေးထားပါတယ်။ ကမ်းဘရစ်ချ်တက္ကသိုလ် သုတေသီတွေကတော့ အချက်အလက်တွေ ကနဦးသရုပ်ခွဲမှု ပြီးတာနဲ့ ဒီ data set တွေကို တစ်ခြားသုတေသနပညာရှင်တွေဆီ ဖြန့်ချိမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က