Google မှာ ကန်ထရိုက်ဝန်ထမ်းအဖြစ် အလုပ်လုပ်ဖို့ အချိန်ပြည့်ဝန်ထမ်းက ထွက်သူတွေလည်း ထိခိုက်မှာပါ

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း ကြော်ငြာဝင်ငွေ ကျဆင်းနေတာကြောင့် Google ဟာ အသုံးစရိတ်သစ်တွေကို လျှော့ချဖို့ ကြိုးစားနေပါတယ်။

Google ဟာ စာချုပ်နဲ့ ယာယီဝန်ထမ်း ၂၀၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရပ်ဆိုင်းထားတယ်လို့ The New York Times သတင်းက ဖော်ပြထားပါတယ်။ New York Times မှ ရရှိထားတဲ့ အီးမေးလ်တစ်ခုမှာ Google ဟာ ဝန်ထမ်းငှားရမ်းမှုနဲ့ ရင်းနှီးမြှပ်နှံမှု အရှိန်လျှော့နေပြီး နှစ်ဆန်းပိုင်းက စီစဉ်ထားသလိုမျိုး ဝန်ထမ်းသစ်တွေ ခေါ်ယူမှု လုပ်မှာ မဟုတ်ဘူးလို့ ကန်ထရိုက်အေဂျင်စီတွေကို ပြီးခဲ့တဲ့ တစ်ပတ်က အကြောင်းကြားထားပါတယ်။



Photo: CNBC


Google ရဲ့ ဘဏ္ဍာရေးအမှုဆောင် အရာရှိချုပ် ရုသ်ပေါ်ရတ်ကလည်း ကိုရိုနာဗိုင်းရပ်စ်အကြပ်အတည်းရဲ့ မသေချာတဲ့ ကြာချိန်နဲ့ ထိခိုက်နိုင်မှုတွေနဲ့ ကြုံနေတာကြောင့် ဝန်ထမ်းခေါ်ယူမှု လျှော့ဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့လကတည်းက ပြောကြားထားပါတယ်။ ခေါ်ယူဖို့ လျာထားတဲ့ ကန်ထရိုက်အလုပ်အကိုင်နေရာ ၂၀၀၀ ဟာ ကမ္ဘာအနှံ့မှ ဖြစ်ပြီး Google လုပ်သားအင်အားရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

Google ဟာ အချိန်ပြည့်ဝန်ထမ်း ၁၂၃၀၀၀ နဲ့ ယာယီနဲ့ ကန်ထရိုက်ဝန်ထမ်း ၁၃၀၀၀၀ ကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ Google ဟာ ဝန်ထမ်း ၂၀၀၀၀ တိုးခန့်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ CEO ဆွန်ဒါပီချိုင်းက ဧပြီလထဲမှာ ပြောခဲ့ပြီး ဒီနှစ်ထဲမှာလည်း အလားတူ ထပ်ခန့်ဖို့ စီစဉ်ခဲ့တာပါ။ ဧပြီလအထိ Google ဟာ ဝန်ထမ်းသစ် ၄၀၀၀ ခေါ်ယူထားပြီး ထောင်နဲ့ချီတဲ့ ယာယီဝန်ထမ်းတွေ ထပ်ခေါ်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။



Photo: New York Times

"လူသိရှင်ကြား ကြေညာထားတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ဟာ ရင်းနှီးမြှပ်နှံမှုနဲ့ လုပ်သားငှားရမ်းမှုအရှိန် လျှော့နေပါတယ်။ ရလဒ်အနေနဲ့ ဒီနှစ်ဆန်းပိုင်းတုန်းက စီစဉ်ထားသလို အချိန်ပြည့်နဲ့ ယာယီဝန်ထမ်းသစ်တွေ ထပ်ခန့်မှာမဟုတ်ပါဘူး။ " လို့ Google ပြောရေးဆိုခွင့်ရှိသူက Times ကို ပြောပါတယ်။

အခုလို ကန်ထရိုက်လုပ်သားအင်အား လျှော့ချမှုဟာ အချိန်ပြည့်အလုပ်က ထွက်ပြီး Google နဲ့ စာချုပ်ချုပ်အလုပ်လုပ်တဲ့ ကန်ထရိုက်လုပ်သားအနေနဲ့ ဝင်မယ့် လူတစ်ချို့အတွက်လည်း အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဒီဝန်ထမ်းတွေကတော့ အလုပ်ကနေ သူတို့ဆန္ဒအလျောက် ထွက်ခဲ့ကြတာ ဖြစ်လို့ ကုမ္ပဏီဆီက ဘယ်လိုခံစားခွင့်မှ ရမှာ မဟုတ်ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က