• Vodafone သုံးစွဲသူများဟာ OPPO ၏ အခြေခံ ထုတ်ကုန်များမှ စ၍ 4G နှင့် 5G Smartphones စသည့် အဆင့်မြင့် Flagship ထုတ်ကုန်များအထိ အသုံးပြုနိုင်မွာဖျစ္ပါတယ္
Phyo Min Thant

OPPO နှင့် Vodafone တို့ဟာ ၂၀၂၀ ပြည့်နှစ် မေလမှ စတင်ကာ OPPO ရဲ့ ထုတ်ကုန် အမျိုးမျိုးကို Vodafone ရဲ့ ဥရောပစျေးကွက်တွင် ဖြန့်ချိရန် ပူးပေါင်းလုပ်ဆောင်မှုသဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်မှာ ကြေညာလိုက်ပါတယ်။

ဆန်းသစ်သော ထုတ်ကုန်များ၊ အဆင့်မြင့် 5G နည်းပညာများ၊ ဖုန်း ဟန်းဆက် ရောင်းချမှုနှုန်း နှစ်စဉ် သန်း ၁၀၀ ကျော်တို့ကို ပိုင်ဆိုင်ထားတဲ့ OPPO ဟာ Vodafone ရဲ့ Gigabit Network အတွက် သင့်လျော်တဲ့ လက်တွဲဖော်ပဲဖြစ်ပါတယ်။

ကုမွဏီ (၂) ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ သုံးစွဲသူများကို ရွေးချယ်ခွင့် ပိုမို ရရှိစေပြီး Vodafone ရဲ့ နိုင်ငံတကာ စျေးကွက်တွင် 5G အသုံးပြုမှုကိုလည်း ပိုမို မြင့်မားလာစေမှာ ဖြစ်ပါတယ်။

Vodafone ရဲ့ အရောင်းဆိုင်များ၊ အွန်လိုင်းစတိုးများတွင် OPPO A series, Reno series နှင့် Find X series စသည်ဖြင့် တန်ဖိုးသင့် စမတ်ဖုန်းများမှ စ၍ စျေးကွက်တွင် ဦးဆောင်လျက်ရှိသည့် 5G flagship စမတ်ဖုန်းများအထိ OPPO ၏ များပြားသော ထုတ်ကုန်အမျိုးမျိုးကို ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

ပထမအဆင့်ပူးပေါင်းဆောင်ရွက်မှုမှာ Vodafone ဟာ OPPO ထုတ်ကုန်များကို ဂျာမနီ၊ ယူကေ၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ တူရကီ နှင့် နယ်သာလန်နိုင်ငံများရှိ အရောင်းဆိုင်များတွင် စတင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ကုမ္ပဏီ နှစ်ခု အတူတကွ နိုင်ငံတကာ ပူးပေါင်းလုပ်ဆောင်မှုကို ပိုမို တိုးတက်အောင် လုပ်ဆောင်ရင်း အနာဂတ်တွင် Vodafone ၏ စျေးကွက်များတွင် OPPO ထုတ်ကုန်များ ရရှိနိုင်မှုကို တိုးချဲ့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ OPPO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

OPPO ဥက္ကဌနှင့် နိုင်ငံတကာ အရောင်းဌာန၏ ဒုဥက္ကဌဖြစ်သူ Mr.Alen Wu က “OPPO ရဲ့ စျေးကွက်မှာ ဦးဆောင်နေတဲ့ ထုတ်ကုန်တွေနဲ့ နည်းပညာတွေက 5G ခေတ်မှာ Vodafone အတွက် အခွင့်အရေးအသစ်တွေ ယူဆောင်လာပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် Vodafone ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ဆက်သွယ်ခြင်း” ဆိုတာဟာ OPPO Benfen ရဲ့ “လုပ်သင့်သော အလုပ်ကို လုပ်ကိုင်ရင်း ကောင်းမွန်သော တန်ဖိုးတို့ကိုသာ သုံးစွဲသူထံ ပေးရန်” ဆိုတဲ့ တန်ဖိုးထားတဲ့အချက်နှင့် ကိုက်ညီမှုရှိနေပါတယ်။ 5G ခေတ်မှာ Vodafone နဲ့အတူ နှစ်ဦးအကျိုးတူ ဆက်ဆံရေးကို ပိုမို ခိုင်မြဲအောင် ဆောင်ရွက်ရင်း သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။


“OPPO ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်တွေနဲ့ Vodafone ရဲ့ ခေတ်ရှေ့ပြေးတဲ့ Network တို့ ပူးပေါင်းမှုက သုံးစွဲသူတွေအတွက် 5G ရဲ့ စွမ်းဆောင်မှု အပြည့်အဝနဲ့အတူ ရွေးချယ်စရာတွေ ပိုများလာမှာပါ။ Vodafone နဲ့ OPPO တို့ ပူးပေါင်းခြင်းက OPPO ရဲ့ စွဲမက်ဖွယ် ထုတ်ကုန် ပစ္စည်းများနဲ့ ကျွန်တော်တို့ရဲ့ 5G ပိုင်း စွမ်းဆောင်ရည်အားတို့ကို ကျွန်တော်တို့ရဲ့ ဥရောပစျေးကွက်ကို ကျော်လွန်ပြီး နေရာအနှံကို ရောက်ရှိစေမှာပါ” လို့ Vodafone ရဲ့ စီးပွား‌ရေး စီမံခန့်ခွဲမှုနှင့် မဟာဗျူဟာဌာန ဥက္ကဌ Mr.Ahmed Essam က ပြောကြားပါတယ်။


OPPO ဟာ ကုန်ပစ္စည်းများကို ကိုယ်ပိုင်စက်ရုံများတွင် အဓိက ထုတ်လုပ်လျက်ရှိပြီး ကုန်ထုတ်လုပ်သော စက်ရုံအများစုမှာ ပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်သောကြောင့် Coronavirus ဖြစ်ပွားချိန်မှာတောင် Vodafone အတွက် ထုတ်ကုန်များ ဆက်လက်ပံ့ပိုးပေးနိုင်ပြီး လုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်စေပါတယ်။ ယခု အရောင်းဆိုင်များ ခေတ္တနားထားတဲ့အတွက် ကုမ္ပဏီ နှစ်ခုလုံးမှ အွန်လိုင်းမှ ရောင်းချခြင်းဖြင့် သုံးစွဲသူတို့အတွက် ဝန်ဆောင်မှုများ‌ပေးလျက်ရှိတာကို တွေ့ရပါတယ်။ အရောင်းဆိုင်များ ပြန်လည် ဖွင့်လှစ်ချိန်မှာ OPPO က Vodafone နှင့်အတူ အရောင်းဝန်ထမ်းများနှင့် ဝယ်ယူအားပေးသူများ၏ ဘေးကင်း ကျန်းမာရေးအတွက် အထူးအလေးပေး လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။


မေလမှ စ၍ OPPO ၏ ထုတ်ကုန် Series များကို Vodafone မှ တစ်ဆင့် ဂျာမနီ၊ ယူကေ၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ တူရကီ နှင့် နယ်သာလန်နိုင်ငံများတွင် စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အခြား နိုင်ငံများအတွက် ကုန်ပစ္စည်း ရရှိနိုင်မှုနှင့် ပတ်သက်၍ OPPO နှင့် Vodafone တို့မှ ထပ်မံ ကြေညာသွားမှာ ဖြစ်ပါတယ်။

(ဒီသတင်းကို OPPO မှပံ့ပိုးကူညီထားပါတယ်)



က္က