ဈေးကွက်ပြန် ဖွဲ့စည်းမှု လုပ်ဖို့လို့ ဆိုပါတယ်

မကြာသေးခင်ကပဲ OnePlus 8 စီးရီးသစ် မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီဟာ ဥရောပမှာ ဝန်ထမ်းအင်အား လျှော့ချနေတယ်လို့ ဆိုပါတယ်။

Engadget သတင်းအရ တရုတ်စမတ်ဖုန်းကုမ္ပဏီ OnePlus ဟာ အဓိကဈေးကွက်များကို အာရုံစိုက်ဖို့ ဥရောပမှာ ရှိတဲ့ ဒေသတွင်း ရုံးတွေက ဝန်ထမ်းတွေ လျှော့ချနေတယ်လို့ ဆိုပါတယ်။ OnePlus ဟာ ယူကေ ၊ ပြင်သစ်နဲ့ ဂျာမဏီတို့မှာ ရှိတဲ့ ရုံးအများအပြားမှာ ဝန်ထမ်းအင်အား ၈၀% အထိ လျှော့ချနေတာ ဖြစ်ပြီး တစ်ချို့ရုံးတွေမှာ ဝန်ထမ်း ၃ ယောက်ပဲ ထားတယ်လို့ ဆိုပါတယ်။



Photo: fr24news



OnePlus ရဲ့ရောင်းအားတက်နေတဲ့ အဓိက ဈေးကွက်တွေ ဖြစ်တဲ့ ဒိန်းမတ် ၊ နယ်သာလန်နဲ့ ဖင်လန်မှာ ရှိတဲ့ OnePlus ရုံးတွေမှာတော့ ဝန်ထမ်းလျှော့ချမှု မလုပ်ဘူးလို့ ဆိုပါတယ်။ သတင်းတွေအရ ဖင်လန်နိုင်ငံတောင်ပိုင်း မြို့တော်တစ်ခု ဖြစ်တဲ့ ဟယ်ဆင်ကီဟာ OnePlus ရဲ့ ဥရောပရုံးချုပ်သစ် အခြေစိုက်ရာ မြို့ ဖြစ်လာမယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ 

အခုလို ဝန်ထမ်းအင်အား လျှော့ချတာဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သက်ဆိုင်ဖို့ မရှိဘဲ ဥရောပဈေးကွက်တွေကို ပုံမှန်အတိုင်း ပြန်လည်ဖွဲ့စည်းတာရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တယ်လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ OnePlus ဟာ တစ်ကမ္ဘာလုံးမှာ ဝန်ထမ်း ၂၀၀၀ ခန့် ရှိပြီး အလုပ်လျှော့လိုက်ခြင်းကြောင့် လူဘယ်လောက် ထိခိုက်သွားသလဲဆိုတာ မသိရသေးပါဘူး။

''ဥရောပဟာ ကျွန်တော်တို့ OnePlus စတင်ကတည်းက အလွန်အရေးပါတဲ့ ဈေးကွက်တစ်ခုပါ။ အခု ဥရောပမှာ ဗျူဟာမြောက် ပြန်လည်ဖွဲ့စည်းမှုတစ်ချို့ လုပ်ဆောင်နေပါတယ်။ ဒီဒေသမှာ နောက်ထပ် လူထပ်ခန့်ဖို့တောင် လုပ်နေတာပါ။'' လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က ထွက်ရှိလာခဲ့တဲ့ OnePlus 8 ဖုန်းသစ်တွေကို ယူကေဈေးကွက်မှာ Three တယ်လီကွန်း carrier တစ်ခုတည်းကနေပဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ OnePlus ဟာ ယူကေဈေးကွက်မှာ OnePlus 8 နဲ့ နောက်ထွက်လာမယ့် ဖုန်းသစ်တွေ မိတ်ဆက်ဖို့အတွက် တစ်ခြား Carrier တွေနဲ့ ဗျူဟာမြောက်ဆက်ဆံရေး ရှိပုံမရဘူးလို့လည်း The Verge သတင်းက သုံးသပ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က