ဒီနှစ်ထဲ ၆ ဆိုင် တိုးချဲ့ဖွင့်လှစ်သွားမှာပါ

အရောင်းစာရေးမရှိဘဲ ကိုယ်တိုင်ဝယ် ကိုယ်တိုင်ငွေရှင်းရတဲ့ Amazon Go စတိုးတွေကို နောက်သုံးနှစ်အတွင်း ဆိုင်ပေါင်း ၃၀၀၀ အထိ မြင်ရတော့မှာပါ။

Amazon-Go-796x419.jpg

Photo: The Next Web

 

ကမ္ဘာ့ပထမဆုံး အရောင်းစာရေးမပါ ကိုယ်တိုင်ဝယ်ယူပြီး app ကနေ ကျသင့်ငွေပေးရတဲ့ Amazon Go စတိုးကို ဆီယက်တဲလ်မှာ နှစ်ဆန်းပိုင်းက စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ Amazon Go App ကို သုံးပြီး ချက်ချင်းဝင်ဝယ် ၊ ပြန်ထွက်နိုင်ပြီး စတိုးဆိုင်အတွင်း ဝယ်သူရဲ့ လှုပ်ရှားမှုများကို ကင်မရာနဲ့အာရုံခံစနစ်များကနေ စောင့်ကြည့် မှတ်သားနေတာပါ။

စတိုးဆိုင်ကို လာတဲ့ ဝယ်သူဟာ ဆိုင်ထဲက ကိုယ်ဝယ်လိုတဲ့ ပစ္စည်းကို တစ်ခါတည်း ယူသွားနိုင်ဖို့ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ငွေပေးချေမှုကိုတော့ ဆိုင်ထဲက မထွက်ခင်မှာ ဝယ်သူရဲ့ Amazon အကောင့်ကနေ ကျသင့်ငွေ ပမာဏကို အလိုအလျောက် ဖြတ်တောက်ထားမှာ ဖြစ်ပြီး ငွေတောင်းခံလွှာ ဘောင်ချာကို app ကနေတစ်ဆင့် လှမ်းပို့ပေးသွားမှာပါ။

ဈေးဝယ်သူတွေနဲ့ ဆက်ဆံစရာမလိုပေမယ့် လူဝန်ထမ်းတွေဟာ စင်ပေါ်က ပစ္စည်းဖြည့်တာ ၊ ဝိုင်ပုလင်းတွေအတွက် ID စစ်တာနဲ့လုံခြုံရေးပေးတာတွေအတွက်တော့ ရှိနေဦးမယ်လို့ဆိုပါတယ်။

Amazon စတိုး မော်ဒယ်ကို ၂၀၁၆ ဒီဇင်ဘာလ ၅ ရက်နေ့က Amazon ဝန်ထမ်းများအတွက် စမ်းသပ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လူထုအတွက်ဝန်ဆောင်မှုပေးတာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဆီယက်တဲလ်မှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ Amazon Go စတိုးကို ဆီယက်တဲ့အပြင် ချီကာကိုမှာလည်း ဖွင့်လှစ်ထားပြီး အရောင်းဝန်ထမ်းသုံးတဲ့ ရိုးရိုး စတိုးတွေကနေ ခွဲထွက်တဲ့ နည်းပညာကြောင့် ဝန်ဆောင်မှုပိုင်းမှာ တမူထူးခြားနေပါတယ်။ အလိုအလျောက်စနစ် အခြေခံတဲ့ ဒီစတိုးဟာ ကမ္ဘာတစ်လွှားနာမည်ကြီးတဲ့ 7-Eleven ၊ Subway စတဲ့ သမရိုးကျစတိုးဆိုင်တွေအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပါတယ်။

Photo: Business Insider

 

Amazon အနေနဲ့Amazon Go စတိုးတွေကို ၂၀၂၁ ခုနှစ်မှာ ဆိုင်ပေါင်း ၃၀၀၀ အထိ တိုးချဲ့ဖွင့်လှစ်မယ်လို့ကြေငြာပြီးနောက် CVS ၊ Walgreens ၊ Walmart ၊ Target နဲ့Kroger တို့လို လက်လီစတိုးဆိုင်တွေရဲ့ ရှယ်ယာတွေဟာ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။

Share

Loading Next Article...
က္က