သွေးအလှူရှင်မရလို့အသက်ဆုံးရှုံးနိုင်ခြေတွေကို လျှော့ချနိုင်တော့မှာပါ
Nyein Min Wai

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တစ်စုဟာ လူနာတွေအတွက် သွေးအမျိုးအစားမရွေး အစားထိုးလဲပေးနိုင်မယ့် သွေးတုတစ်မျိုးကို ဓါတ်ခွဲခန်းထဲမှာ ဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ယုန်တွေမှာ စမ်းသပ်ခဲ့တဲ့ ဒီသွေးတုကို အမျိုးသားကာကွယ်ရေးဆေးကောလိပ်က သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ဖန်တီးခဲ့တာ ဖြစ်တယ်လို့Asahi သတင်းမှာ ဖော်ပြထားပါတယ်။ ယခုသွေးတုကို သွေးထွက်လွန်နေတဲ့ ယုန် ၁၀ ကောင်မှာ စမ်းသပ်ခဲ့ပြီး ၆ ကောင် အသက်ရှင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo: vaience

သိပ္ပံပညာရှင်တွေကတော့ ဒီစမ်းသပ်မှုကို တိရစ္ဆာန်တွေမှာ တကယ့်သွေးအစစ်နဲ့ကုသမှုနဲ့နှိုင်းယှဉ်ခဲ့ပါတယ်။ ယခုစမ်းသပ်မှုဟာ အရေးပေါ်အခြေအနေ သွေးအမျိုးအစား စစ်ရတဲ့ ပြဿနာနဲ့ဒီသွေးအမျိုးအစားနဲ့ကိုက်ညီတဲ့ သွေးအလှူရှင်တွေရဲ့ သွေးအချိန်မှီ မရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ရှိပါတယ်။

ဂျပန်သိပ္ပံပညာရှင်တွေဟာ အောက်ဆီဂျင်သယ်ဆောင်တဲ့ သွေးနီဆဲလ်တွေနဲ့အရေပြား ပေါက်ပြဲသွေးထွက်ချိန်မှာ တန့်စေမယ့် platelet အရောင်မဲ့ဆဲလ်တွေ ပါဝင်တဲ့ သွေးကိုဖန်တီးထားတာ ဖြစ်လို့သွေးထွက်လွန်ပြီး သေဆုံးခြင်းကို ဟန့်တားနိုင်မယ်လို့ယူဆထားပါတယ်။ ဒီသွေးတုဟာ သာမန် အပူချိန်မှာ တစ်နှစ်ကျော်ကြာ သိုလှောင်ထားနိုင်မယ်လို့လည်း ဆိုပါတယ်။

" သွားလာရခက်တဲ့ ကျွန်းတွေလို နေရာတွေမှာ သွေးသွင်းဖို့သွေးအလုံအလောက် မရတဲ့ ပြဿနာတွေ ရှိပါတယ်။ ဒီသွေးတုက လူတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်မှာပါ။ " အမျိုးသားကာကွယ်ရေး ဆေးကောလိပ်က အဖွဲ့ခေါင်းဆောင် မာနာဘူ ကီနိုရှီတာက ဆိုပါတယ်။ ယခုသွေးတုမှာ ဘေးထွက်ဆိုးကျိုး မတွေ့ရသေးဘူးလို့လည်း သိရပါတယ်။


က္က