စမတ်ဖုန်းနဲ့စမတ်လက်ပတ်ထုတ်ကုန်တွေရဲ့ အနာဂါတ်ထုတ်ကုန်ဒီဇိုင်းအတွက် Samsung ဟာ Deezen မဂ္ဂဇင်းနဲ့ပေါင်းပြီး ဒီဇိုင်းပြိုင်ပွဲတစ်ခု လုပ်သွားမယ်လို့ဆိုပါတယ်။
Photo: Dezeen
Samsung Mobile Design Competition 2019 ဟာ ဒေါ်လာ ၄ သောင်း ဆုကြေးပေးမယ့် ဒီဇိုင်း ပြိုင်ပွဲဖြစ်ပြီး ဒီဇိုင်းပြိုင်ပွဲတစ်မျိုးစီကနေ နောက်ဆုံးအဆင့် ဖိုင်နယ်ရောက်လာမယ့် ၅ ဦးဟာ လန်ဒန်မှာ Samsung အမှူဆောင်အရာရှိတွေနဲ့Dazeen ရဲ့ အယ်ဒီတာချုပ် မာကပ်ဖဲယားစ်တို့ရဲ့ ရှေ့မှာ သူတို့ရဲ့ ဒီဇိုင်း အိုင်ဒီယာတွေကို ချပြရမှာပါ။
အသက် ၁၈ နှစ်အထက် ဒီဇိုင်နာနဲ့ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး ပြိုင်ပွဲအတွင်း ကိုယ့်ရဲ့ ဒီဇိုင်းအကြောင်း ရှင်းပြဖို့အင်္ဂလိပ်စကားပြောဆိုနိုင်ရမှာပါ။ ပြိုင်ပွဲဝင်တွေဟာ စက်တင်ဘာ ၂၄ ကနေ ၂၆ အထိ ယူကေ နဲ့အောက်တိုဘာ ၂၈ ကနေ ၃၁ ရက်အထိ အမေရိကန်တို့ကို သွားပြီး ဒီဇိုင်းတွေ ချပြဖို့အခမဲ့ ခရီးသွားခွင့် ရမယ်လို့ဆိုပါတယ်။ ဒီပြိုင်ပွဲကို အခမဲ့ဝင်ရောက် လျှောက်ထားနိုင်ပြီး လာမယ့် သြဂုတ်လ ၄ ရက်နေ့မှာ လျှောက်လွာပိတ်မှာပါ။
Photo: Dezeen
ဂျူရီလူကြီးတွေဟာ ပြိုင်ပွဲတစ်မျိုးစီကနေ ထိပ်ဆုံးWinners ၃ ဦး ရွေးသွားမှာ ဖြစ်ပြီး ဒီ Winners တွေဟာ ဆန်ဟိုဆေးမှာ ကျင်းပမယ့် Samsung Developer Conference ပွဲကို ဖိတ်ကြားပြီး ဆုချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။ ယခုပြိုင်ပွဲဟာ ဒီဇိုင်နာကျောင်းသားတွေနဲ့ဒီဇိုင်းနယ်ပယ်က ပညာရှင်တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပါ။
Winner တစ်ယောက်ချင်းစီဟာ ဒေါ်လာ ၁ သောင်း ဆုကြေး ရမှာ ဖြစ်ပြိး ဒုတိယဆု ဒေါ်လာ ၅ ထောင်နဲ့တတိယဆု ဒေါ်လာ ၃ ထောင် စတုတ္ထနဲ့ပဉ္စမဆု ဒေါ်လာ ၁ ထောင်စီ ရရှိမယ်လို့ဆိုပါတယ်။