ဈေးကွက်ပြိုင်ဆိုင်မှု ဥပဒေချိုးဖောက်မှုကြောင့်ပါ

EU ကတော့ Google ရဲ့ ၂၀၁၈ ဝင်ငွေရဲ့ ၁.၂၉% ကို ဒဏ်တပ်လိုက်ပြီ ဖြစ်ပါတယ်။ ပြိုင်ဘက်အွန်လိုင်း search ကြော်ငြာရှင်တွေကို ပိတ်ပင်တဲ့ အမှုနဲ့EU ရဲ့ စားသုံးသူအခွင့်အရေးကာကွယ်တဲ့ ဥပဒေအရ Google ကို EU မှ ဒေါ်လာ ၁.၇ ဘီလျံ (ယူရို ၁.၄၉ ဘီလျံ) ဒဏ်ရိုက်လိုက်တာပါ။

Photo:mashable



Google ဟာ ပြိုင်ဘက်တွေရဲ့ ကြော်ငြာတွေကို search result မပြအောင် ပိတ်ပင်ခဲ့သလို Google ကြော်ငြာတွေအတွက် search reult page တွေကို ဝင်ငွေအများဆုံး ရမယ့် page ပေါ်က နေရာမှာ ကြော်ငြာဖို့ဖိအားပေးတာအပြင် ပြိုင်ဘက်ကြော်ငြာတွေမှာ ပြသလိုမျိုး Google မှာ ပြစေချင်တယ်ဆိုရင် Google ဆီကနေ စာနဲ့အတည်ပြုချက် တောင်းရတာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။

         Google ရဲ့ Adsense ကြော်ငြာရဲ့ လုပ်ဆောင်ချက်ကို Microsoft ဟာ ၂၀၁၀ ကတည်းက စောဒဂတက်ခဲ့တယ်လို့Channel News Asia က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဒိန်းမတ်နိုင်ငံရေးသမား မာဂရက်တီဗက်စတာဂါဟာ Android မိုဘိုင်း OS ကို သုံးပြီး ပြိုင်ဘက်တွေကို ပိတ်ပင်ခဲ့တဲ့ Google ကို ယူရို ၄.၃၄ ဘီလျံအထိ ဒဏ်ရိုက်ဖို့အဆိုတင်သွင်းခဲ့ပါတယ်။ ဒီလို အဆိုပြုရတာကတော့ ၂၀၁၇ ခုနှစ် ဇွန်က ပြိုင်ဘက်အွန်လိုင်းရှော့ပင်ဝက်ဆိုက်တွေကို အခက်တွေ့အောင် လုပ်ခဲ့တာကြောင့် Googleကို ယူရို ၂.၄၂ ဘီလျံ ဒဏ်ရိုက်ခဲ့တာရဲ့ အဆက်ဖြစ်ပါတယ်။

         "Google ဟာ အွန်လိုင်း search ေြက်ာငြာလောကမှာ အကြီးအကျယ် လွှမ်းမိုးထားသလို thrid-party ဝက်ဘ်ဆိုက်တွေကနေ မတော်တရားတဲ့ ယှဉ်ပြိုင်မှုတွေအပေါ် ကန့်ထားထားတာကို ချိုးဖောက်ခြင်းအားဖြင့် ပြိုင်ဘက်တွေကို ဖိအားပေးပြီး သူ့ကိုယ်သူ လုံအောင် ကာပါတယ်" လို့EU ကော်မရှင်နာ ဗက်စတာဂါက ပြောပါတယ်။

Photo: TRT World

         Google ရဲ့ AdsSense for Search product ဝန်ဆောင်မှုဟာ အွန်လိုင်း ads တွေအတွက် သဘောတူမှုလုပ်ဖို့သက်သက် ပစ်မှတ်ထားပြီး ဝက်ဘ်ဆိုက်မှာ ကြော်ငြာပွဲစားတစ်ခုလို ဝန်ဆောင်မှု ပေးတာပါ။ ဒီဝန်ဆောင်မှုဟာ ဝက်ဘ်ဆိုက်မှာ ကြော်ငြာစာသား ထိုးပေးတာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး အင်တာနက် ကြော်ငြာပွဲစားလည်း ဖြစ်ပါတယ်။

         ကြော်ငြာတွေဟာ Google နဲ့Facebook တို့ရဲ့ အသက်လို့ပြောနိုင်ပြီး ကုမ္ပဏီရဲ့ ဝင်ငွေကို ဒီလမ်းကြောင်းက အများဆုံး ရှာပေးနေတာပါ။ တစ်ဘက်မှာလည်း စားသုံးသူဖောက်သည်ကာကွယ်ပေးရေးဥပဒေများအရ ဒီကုမ္ပဏီတွေဟာ ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့စုံစမ်းစစ်ဆေးခံနေရပါတယ်။ ပြင်သစ်ဈေးကွက်ပြိုင်ဆိုင်ရေး အာဏာပိုင်တွေကတော့ Google ရဲ့ ads စီးပွားရေးကို စိုးရိမ်စရာတစ်ခုအဖြစ် လက်ခံထားပြီး ဂျာမန် ၊ နယ်သာလန်နဲ့ယူကေတို့မှာလည်း ads ဝန်ဆောင်မှုနဲ့ဝင်ငွေ စီးဆင်းမှုကို စုံစမ်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က