နိုဝင်ဘာ ၁၉ ရက်နေ့မှာ မဲပေးသွားမှာပါ
Nyein Min Wai

ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC ဟာ ဖက်ဒရယ်ရန်ပုံငွေ လက်ခံတဲ့ အော်ပရေတာတွေကို Huawei နဲ့ZTE တို့ဆီက ပစ္စည်းအစိတ်အပိုင်း ဝယ်ယူမှု ကန့်သတ်ပိတ်ပင်ဖို့မဲပေးသွားမယ်လို့ဆိုပါတယ်။

FCC အနေနဲ့အမျိုးသားလုံခြုံရေး အန္တရာယ် ထိခိုက်စေနိုင်ဖွယ်ရှိတဲ့ တယ်လီကွန်းကုမ္ပဏီဆီက ပစ္စည်းအစိတ်အပိုင်းတွေ သုံးတဲ့ ကြိုးမဲ့အော်ပရေတာတွေကို ရန်ပုံငွေပေးမှု ဖြတ်တောက်ဖို့အတွက် စီစဉ်နေတယ်လို့The Verge သတင်းက ဖော်ပြထားပါတယ်။

တနင်္လာနေ့က FCC ဥက္ကဌ အဂျစ်ပိုင်ရဲ့ ပြောကြားချက်အရ FCC ဟာ Universal Service Fund လို့ခေါ်တဲ့ တယ်လီကွန်းရန်ပုံငွေ ချပေးမယ့် အော်ပရေတာတွေထဲက Huawei နဲ့ZTE တို့ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်ယူတဲ့ အော်ပရေတာတွေကို ချန်လှပ်ထားဖို့မဲပေးမယ်လို့ဆိုပါတယ်။

Photo: venturebeat


" ကျွန်တော်တို့စိုးရိမ်တာက အန္တရာယ်ပြုနိုင်တဲ့ တိုင်းတပါးက ကုမ္ပဏီတွေဟာ ကျွန်တော်တို့ရဲ့ ကွန်ရက်တွေမှာ backdoor တွေ ထည့်သွင်းထားပြီး ကျွန်တော်တို့ကို စောင့်ကြည့်ထောက်လှမ်းနေမှာ ၊ ကျွန်တော်တို့ဆီက ခိုးယူနေမှာအပြင် malware တွေ ဗိုင်းရပ်စ်တွေ နဲ့တိုက်ခိုက်မှာပါပဲ။ တစ်နည်းအားဖြင့် ကျွန်တော်တို့ကွန်ရက်တွေ ဖောက်ထွင်းမှာကို စိုးရိမ်တာပါ။" လို့အဂျစ်ပိုင်က ဆိုပါတယ်။

Huawei နဲ့ZTE တို့ဟာ အမေရိကန်တွေရဲ့ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ယုံကြည်လောက်တဲ့ အချက်အလက်တွေ အများကြီး ရှိထားတယ်လို့လည်း သူက ပြောပါတယ်။ Huawei နဲ့ZTE တို့ကတော့ ဒီအချက်ကို အစဉ်တစိုက် ငြင်းဆန်ထားပါတယ်။

FCC အနေနဲ့Universal Service Fund ရန်ပုံငွေ ရယူထားတဲ့ ကျေးလက်တယ်လီကွန်းအချို့ကို တရုတ်တယ်လီကွန်း vendors တွေနဲ့လုံခြုံရေးအရ စိုးရိမ်မကင်းစရာရှိတဲ့ တစ်ခြားကုမ္ပဏီတွေရဲ့ ပစ္စည်းအစိတ်အပိုင်းတွေဆီကနေ အစားထိုးပေးသင့်မသင့် နည်းလမ်းရှာနေတယ်လို့ဆိုပါတယ်။ ဒီထဲမှာ အစိုးရအနေနဲ့ဒီလို ကျေးလက်တယ်လီကွန်းငယ်တွေအတွက် ရန်ပုံငွေ ဘယ်လိုပေးသင့်သလဲဆိုတာပါ အဖြေရှာနေတာပါ။


Photo: pocketnow

သမ္မတထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့ဟာ Huawei နဲ့ZTE ကုမ္ပဏီနှစ်ခုကို ဖက်ဒရယ်ဝယ်ယူရေး လုပ်ငန်းစဉ်တွေကနေ ပယ်ဖျက်ထားတာ ဖြစ်လို့အမေရိကန်အစိုးရအေဂျင်စီတွေအနေနဲ့ဒီကုမ္ပဏီနှစ်ခုရဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ FCC ကတော့ လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ Universal Service Fund ရန်ပုံငွေမှာ ဘယ်အော်ပရေတာတွေကို ချန်လှပ်သွားမလဲ ဆိုတာ မဲပေးမှု လုပ်ဆောင်သွားမှာပါ။


က္က