ဒေါ်လာ ၁၁ ဘီလျံတန်တဲ့ ကုမ္ပဏီ ဖြစ်လာပါပြီ

အရှေ့တောင်အာရှရဲ့ အကြီးဆုံး မိုဘိုင်း app ကားအငှားဝန်ဆောင်မှုကြီး ဖြစ်တဲ့ Grab ဟာ အခုဆို ဂျပန်နိုင်ငံမှ SoftBank အဖွဲ့အစည်းကနေ ဒေါ်လာ ၁.၅ ဘီလျံခန့်ရင်းနှီးမြှပ်နှံဖို့သဘောတူညီမှု ရတော့မယ်လို့ဆိုပါတယ်။

         သက်တမ်း ၆ နှစ် ရှိပြီ ဖြစ်တဲ့ Grab ဟာ SoftBank ၊ Didi Chuxing ၊ Toyota Motor စတဲ့ လုပ်ငန်းကြီးတွေဆီကနေ ဒေါ်လာ သန်း ၆၅၀၀ ကျော် ရင်းနှီးမြှပ်နှံမှု ရထားတာပါ။ သြဂုတ်လထဲမှာ ရန်ပုံငွေ မြင့်တက်လာမှုကြောင့် Grab ဟာ ဒေါ်လာ ၁၁ ဘီလျံ ဝန်းကျင်တန်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။

         SoftBank ဟာ ၂၀၁၄ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် Grab ဆီကနေ စတော့ရှယ်ယာ ဒေါ်လာ သန်း ၂၅၀ဖိုး စတင် ရင်းနှီးမြှပ်နှံခဲ့တာပါ။ အခုချိန်မှာတော့ SoftBank ရဲ့ ရန်ပုံငွေ အဖွဲ့အစည်း ဖြစ်တဲ့ Vision Fund ဟာ Grab မှာ ဒေါ်လာသန်း ၁၅၀၀ ဖိုး ထပ်မံ ရင်းနှီးမြှပ်နံှသွားဖို့ရှိတယ်လို့Channel News Asia သတင်းမှာ ဖော်ပြထားပါတယ်။

         အစောပိုင်း အောက်တိုဘာလက သတင်းတွေမှာတော့ SoftBank ဟာ Grab မှာ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှပ်နှံဖို့သဘောတူညီထားတယ်လို့ဆိုပါတယ်။ စကာၤပူအခြေစိုက် Grab ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ SoftBank နဲ့တရုတ်တက္ကစီယာဉ်ဝန်ဆောင်မှု Didi Chuxing တို့ဆီမျှ ဒေါ်လာ ၂ ဘီလျံအထိ ရင်းနှီးမြှပ်နှံမှု ရထားခဲ့တာပါ။

         SoftBank နဲ့Grab တို့ရဲ့ ရင်းနှီးမြှပ်နှံမှုဟာ ဒီလထဲမှာ အပြီးသတ်သွားဖို့ရှိပြီး နောက်လထဲမှာ ကြေငြာချက် ထုတ်သွားဖို့ရှိပါတယ်။ Grab ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာပဲ Microsoft ဆီကနေ ဒေါ်လာ သန်း ၂၀၀ နီးပါး ရင်းနှီးမြှပ်နှံမှု ရခဲ့တာ ဖြစ်ပါတယ်

Photo: channelnewsasia

         Grab ဟာ ဒီနှစ်ထဲမှာ Uberရဲ့ အရှေ့တောင်အာရှ စီးပွားရေး လုပ်ငန်းများ ကို ဝယ်ယူနိုင်ခဲ့ပြီး လုပ်ငန်းတိုးချဲ့လာတာပါ။ လက်ရှိမှာ အရှေ့တောင် အာရှ ၈ နိုင်ငံမှ မြို့ပေါင်း ၂၃၅ မြို့မှာ ဝန်ဆောင်မှုပေးနေပြီး ကားအငှားဝန်ဆောင်မှုများအပြင် အစားအသောက်နဲ့ပစ္စည်းပို့ဆောင်ရေး ၊ အီလက်ထရောနစ် ငွေလွဲှငွေချေ လုပ်ငန်း ၊ အသေးစားချေးငွေလုပ်ငန်းများလည်း လုပ်ဆောင်နေပါတယ်။

      



က္က