ကမ္ဘာ့အဆင့် PUBG Mobile ပွဲကြီး စတင်နေပါပြီ

ဂိမ်းကစားရင်း မီလျံနာ ဖြစ်နိုင်မယ့် PUBG Mobile ကမ္ဘာ့အဆင့်ဂိမ်းပြိုင်ပွဲကြီးကတော့ စတင်တော့မှာပါ။

         PUBG Mobile Club Open 2019 နာမည်နဲ့ဒီနှစ် ဇူလိုင်လထဲမှာ စတင်ကျင်းပသွားမယ့် ဂိမ်းပြိုင်ပွဲကြီးဟာ ကမ္ဘာပေါ်မှာ ဆုကြေးအမြင့်ဆုံး PUBG Mobile ဂိမ်းပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ထဲမှာ PUBG Mobile Star Challenge 2018 ကို ကျင်းပခဲ့ပြီး နိုင်ငံနဲ့တိုက်ကြီး ၆ ခုမှ PUBG players တွေ ပါဝင်ခဲ့ပါတယ်။



Photo: Dot Esports

         PUBG ရဲ့ ပထမဆုံး eSports ပြိုင်ပွဲရဲ့ Global Finals ပွဲကို နိုဝင်ဘာ ၂၉ ကနေ ဒီဇင်ဘာ၁ ရက်နေ့အထိ ဒူဘိုင်းမျာ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ ကိုယ်စားပြု RRQ Athena က စုစုပေါင်း ရမှတ် ၃၃၆၅ မှတ်နဲ့ဆုကြေး ဒေါ်လာ ၂ သိန်း ပိုက်သွားခဲ့တာပါ။

         ပထမအကြိမ် PUBG Mobile Star Challenge 2018 ပွဲဟာ စုစုပေါင်း ဆုကြေး ဒေါ်လာ ၆ သိန်းပေးခဲ့ပြီး ဒီနှစ် PUBG Mobile Club Open 2019 (PMCO 2019) မှာတော့ ဆုကြေးစုစုပေါင်း ဒေါ်လာ ၂ သန်းအထိ ပေးသွားမှာပါ။ PUBG Mobile Star Challenge ဟာ သီးသန့်ဖိတ်ခေါ် ပြိုင်ပွဲဖြစ်ပြီး YouTube Gaming ၊ Twitch ၊ Facebook Live ၊ Smartcast TV ၊ Mixer ၊ Cube Tv ၊ Nimo TV စတဲ့ social media တွေမှာ follower ပေါင်း ၁၀၀၀ နဲ့အထက် ရှိတဲ့ ပလေယာတွေပဲ ဝင်ပြိုင်ဖို့သတ်မှတ်ထားတာပါ။

         ဒီနှစ် PMCO 2019 ကတော့ ပရော်ဖက်ရှင်နယ်နဲ့semi-pros အသင်းတွေ ပြိုင်နိုင်မယ့် ပွဲဖြစ်ပြီး Spring Split နဲ့Fall Slit (နွေနဲ့ဆောင်း) နှစ်ပိုင်းခွဲပြီး တစ်နှစ်လုံး ပြိုင်သွားမှာပါ။ တစ်ပိုင်းချင်းစီမှာ ကိုယ်ပိုင် global finals အဆင့်ပြိုင်ရပြီး prize pools တစ်မျိုးစီ ပေးသွားမယ်လို့ဆိုပါတယ်။ ပထမဆုံး Sprint Slit ပွဲစဉ်ကတော့ ဇူလိုင်ကနေ စတင်ယှဉ်ပြိုင်သွားမှာပါ။

Photo: The Esports Observer

         ပြိုင်ပွဲဝင်အသင်းတွေဟာ global finals မှာ ဝင်မပြိုင်ခင် ဒေသတွင်းမှာ အဆင့်ဆင့်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒေသအနေနဲ့အရှေ့တောင်အာရှ ၊ တရုတ် ၊ ဥရောပ ၊ မြောက်အမေရိက ၊ အိန္ဒိယ ၊ ဂျပန် ၊ အရှေ့အလယ်ပိုင်း ၊ တောင်အမေရိကနဲ့ကိုရီးယားတို့မှ ပလေယာတွေ ဝင်ပြိုင်နိုင်မယ်လို့ဆိုပါတယ်။

         ပြိုင်ပွဲဝင် သတ်မှတ်ချက်များအရ ပလေယာတွေဟာ အသက် ၁၆ နှစ်နဲ့အထက် ဖြစ်ပြီး တစ်သင်းမှာ အနည်းဆုံး ၃ ယောက် နှုန်း ရှိရမှာပါ။ ပြိုင်ပွဲဝင်ပလေယာတွေဟာ ပလတ်တီနမ်အဆင့်မှာ အနည်းဆုံး ရှိရမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က