Fortune Global 500 မှာ ပထမဆုံးစာရင်းဝင်လာတာပါ

ကမ္ဘာ့ဝင်ငွေအများဆုံး ကုမ္ပဏီ ၅၀၀ စာရင်းဝင်ပြီးနောက် Xiaomi ဟာ ဝန်ထမ်း ၂ သောင်းကျော်ကို ဒေါ်လာ ၂၄ သန်းတန် ရှယ်ယာများ ခွဲဝေပေးခဲ့ပါတယ်။

Fortune မဂ္ဂဇင်းကနေ နှစ်စဉ်ရွေးချယ်ပေးတဲ့ 2019 Fortune Global 500 စာရင်းမှာ Xiaomi ဟာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့တာ ဖြစ်ပြီး ဒီစာရင်းမှာ Xiaomi ဟာ အဆင့် ၄၆၈ ဝင်ခဲ့တာ ဖြစ်တယ်လို့South China Morning Post မှာ ဖော်ပြထားပါတယ်။ ဘေဂျင်းအခြေစိုက် Xiaomi ကုမ္ပဏီဟာ အင်တာနက်ဝန်ဆောင်မှုနဲ့လက်လီကဏ္ဍမှာ ၇ ခုမြောက် အကြီးဆုံး ကုမ္ပဏီအဖြစ်လည်း စာရင်းဝင်သွားတာ ဖြစ်ပါတယ်။



Photo: whatphone

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း Xiaomi ဟာ အမေရိကန်ဒေါ်လာ ၂၆.၄ ဘီလျံ ဝင်ခဲ့ပြီး အသားတင်အမြတ် ဒေါ်လာ ၂ ဘီလျံ ရရှိခဲ့ပါတယ်။ Fortune Global 500 စာရင်းဝင်ပြီးနောက် ဇူလိုင် ၁၉ ရက်နေ့မှာ Xiaomi ဟာ ကုမ္ပဏီရဲ့ ဝန်ထမ်း ၂ သောင်းကျော်ကို ဟောင်ကောင်ဒေါ်လာ ၁၈၇.၅ သန်း ( ကန်ဒေါ်လာ ၂၄ သန်း) တန် ရှယ်ယာများ ပြန်လည် ခွဲဝေပေးလိုက်တာလည်း ဖြစ်ပါတယ်။

" Fortune Global 500 ကုမ္ပဏီတွေထဲမှာ ( ကုမ္ပဏီကြီးတွေနဲ့ပူးပေါင်းထားတဲ့ ကုမ္ပဏီများ မပါ) သက်တမ်း အနုဆုံးအဖြစ် ကျွန်တော်တို့ဟာ ကုမ္ပဏီ သက်တမ်း ၉ နှစ်အတွင်းမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ " လို့ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့CEO လိုင်ဂျန်က ဝန်ထမ်းတွေကို ပေးပို့တဲ့ အိတ်ဖွင့်စာထဲမှာ ပြောထားပါတယ်။ အခု ခွဲပေးလိုက်တဲ့ ရှယ်ယာဆုကြေးဟာ Xiaomi ရဲ့ အချိန်ပြည့်ဝန်ထမ်းတွေအပြင် ပြင်ပ outsourcing အဖွဲ့တွေကိုလည်း ပေးခဲ့တာပါ။

Photo: Trang Công Nghệ

ယခုနှစ် Fortune Global 500 စာရင်းမှာ တရုတ်နိုင်ငံမှ နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်တဲ့ Huawei Investment and Holdings ၊ Alibaba Group Holding နဲ့Tencent Holding တို့လည်း ပါဝင်ခဲ့ပါတယ်။ Huawei ဟာ Fortune Global 500 စာရင်းမှာ အမြတ်ငွေ ၈.၉၅၃ ဘီလျံဲ့အဆင့် ၆၁ မှာ ရှိပြီး Samsung ကတော့ အမြတ်ငွေ ၃၉ .၈၉၅ ဘီလျံနဲ့အဆင့် ၁၅ မှာ ရှိနေပါတယ်။

နည်းပညာကုမ္ပဏီတွေထဲမှာ Apple ဟာ ဝင်ငွေ ၂၆၅.၅၉၅ ဘီလျံ ၊ အမြတ်ငွေ ၅၉.၅၃၁ ဘီလျံနဲ့ထိပ်ဆုံးက ရပ်တည်နေပြီး Fortune Global 500 စာရင်းမှာ အဆင့် ၁၁ မှာ ရှိနေခဲ့ပါတယ်။ Walmart ဟာ ဝင်ငွေ ဒေါ်လာ ၅၁၄.၄၀၅ ဘီလျံနဲ့Fortune Global 500 စာရင်းမှာ ထိပ်ဆုံးမှ ၆ နှစ်ဆက်တိုက် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က