ကြိုတင်တွက်ဆပြီး အခြေအနေလို့ဆိုပါတယ်။
Nyein Min Wai

စီးပွားရေးလုပ်လို့မကောင်းတော့ဘူးလား။ မတ်ခ်ဇူကာဘတ်ခ်ရဲ့ စကားလေး နားထောင်ကြည့်ပါဦး။

[No available link text] 

" ကျွန်တော်ပြောဖူးပါတယ်။ လုံခြုံရေးဘက်ကို အားစိုက်မြှပ်နှံလိုက်ပြီ ဆိုတာနဲ့အကျိုးအမြတ်ပိုင်းမှာ နစ်နာမှု ရှိမှာပဲ ဆိုတာ။ အခုတော့ ဒီအခြေအနေကို ဒီအပတ် (ဒုတိယသုံးလပတ်) မှာ စပြီး မြင်နေရပြီလေ"

ဒီစကားကို ပြောလိုက်ရခြင်းဟာ မတ်ခ်ဇူကာဘတ်ခ်ရဲ့ တဟုန်ထိုးအောင်မြင်ကြီးထွားလာနေတဲ့ Facebook စတော့ရှယ်ယာ ၂၄% အထိ ထိုးကျနေတဲ့ အခြေအနေကို ရည်ရွယ်ပြီး ပြောတာပါ။ ဈေးကွက်မှာ Facebook ရဲ့ ရှယ်ယာများဟာ တစ်စုကို ဒေါ်လာ ၁၇၀ ခန့်နဲ့ကျဆင်းနေပြီး နောက်ထပ်လည်း ကျဆင်းလာဖို့ရှိနေပါတယ်။

၂၀၁၈ ဇန်နဝါရီကစပြီး ယူကေအခြေစိုက် ဒစ်ဂျစ်တယ်အတိုင်ပင်ခံလုပ်ငန်း Cambridge Analytica ပါဝင်တဲ့ ကမ္ဘာအနှံ့အပြားမှ Facebook သုံးစွဲသူ ၈၇ သန်းကျော်ရဲ့ အချက်အလက် ပေါက်ကြားမှုဖြစ်ပြီးနောက် Facebook ရဲ့ အရေးပါဆုံး ဈေးကွက်တစ်ခု ဖြစ်တဲ့ ဥရောပမှာ နေ့စဉ် သုံးစွဲသူ ၂၈၂ သန်းကနေ ၂၇၉ သန်း ကျဆင်းသွားခဲ့သလို အီးယူရဲ့ အထွေထွေဒေတာကာကွယ်ရေးစည်းမျဉ်း GDPR သက်ရောက်မှုဟာ Facebook အတွက် အကျပ်ရိုက်စရာ ဖြစ်လာခဲ့ပါတယ်။

" အိပ်မက်ဆိုးဆီ ဦးတည်လာနေတာပါ။" လို့GBH Insights ရဲ့ နည်းပညာသုတေသနအကြီးအကဲ ဒန်နီယယ်အိဗစ်က ပြောပါတယ်။ "ဒီသုံးစွဲတဲ့ user နှုန်းထားအတိုင်း နောက်ထပ် နှစ်ဝက်ကို မှန်းကြည့်မယ်ဆိုရင် ဒါဟာ Cambridge Analytica ဂယက်နဲ့ဆက်နွှယ်ပြီး Facebook အတွက် စိတ်ပူစရာတွေကို လောင်စာမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။"

photo: Tech Crunch

 

ဒုတိယသုံးလပတ်ဖြစ်တဲ့ ဧပြီကနေ ဇွန် ၃ လအတွင်း Facebook လစဉ်သုံးစွဲတဲ့ဦးရေဟာ ပြီးခဲ့တဲ့ ၃ လပတ်နှုန်းထား ၃.၁၄ ထက် စာရင် ထက်ဝက်ကျော်ဖြစ်တဲ့ ၁.၅၄ရာခိုင်နှုန်းပဲ တိုးလာခဲ့ပြီး နေ့စဉ်သုံးစွဲသူပမာဏကတော့ ပထမဆုံး ၃ လပတ်က ၃.၄၂% ထက် စာရင် အတော်ကြီးကို နည်းတဲ့ ၁.၄၄% နှုန်းနဲ့တိုးတက်မှု နှေးကွေးလာနေပါတယ်။

Facebook ဟာ News Feed ဒီဇိုင်းသစ်နဲ့မူဝါဒပိုင်းပြောင်းလဲမှုများ လုပ်ဆောင်ပြီးနောက် စီးပွားရေးနဲ့သုံးစွဲသူဦးရေ ကျဆင်းမှုကို ကြိုတင်တွက်ချက်ထားခဲ့တာပါ။ ဒါကြောင့်ပဲ Facebook ဟာ ၂၀၁၈ ဒုတိယသုံးလပတ်မှာ ကာလသစ်တစ်ခုထဲ ဝင်ရောက်လာပြီလို့ကျွမ်းကျင်သူများက သုံးသပ်နေတာပါ။

"ဥရောပဈေးကွက်မှာ လစဉ်သုံးစွဲသူ ဦးရေ ကျဆင်းလာတာတွေ့ရပေမယ့် တစ်ချိန်တည်းမှာပဲ ဝက်ဘ်ဆိုက်ကနေ ဝင်ရောက်မှုတွေ ၊ လူတွေနဲ့ပိုပြီး မှန်ကန်တဲ့ ကြေငြာတွေ ဖန်တီးနိုင်မှုတွေ ရှိလာတာကို မြင်ရတာ အားတက်စရာပါ" လို့မတ်ခ်ဇူကာဘတ်ခ်က ဆိုပါတယ်။

photo: CNBC

 

Facebook အနေနဲ့ဈေးကွက်မှာ တိုးတက်မှုနှေးကွေးပေမယ့် Facebook ပိုင် Instagram ၊ Messenger ၊ WhatsApp နဲ့Twitter စတဲ့ လူမှုကွန်ရက်တွေထဲက အနည်းဆုံး တစ်ခုခုကို သုံးစွဲနေတဲ့ လူဦးရေဟာ ကမ္ဘာပေါ်မှာသန်းပေါင်း ၂၅၀၀ ကျော်နေပြီ ဖြစ်ပါတယ်။


Author


က္က