loading...

loading...

loading...

တစ်နေ့ပဲ ရောက်ခဲ့တာပါ
Nyein Min Wai

ဒီနှစ် သြဂုတ်လဟာ အမေရိကန်နည်းပညာကုမ္ပဏီကြီး နှစ်ခု ဖြစ်တဲ့ Apple နဲ့Amazon အတွက် မှတ်တမ်းဝင်လ တစ်လ ဖြစ်ခဲ့ပါတယ်။

merlin_142977771_f7d7e1fa-9126-4b63-8ec6-624eec509811-jumbo.jpg

Photo: NY Times

 

သြဂုတ်လ ပထမပတ်ထဲမှာ ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၁ ထရီလီယံကျော် တန်တဲ့ ကုမ္ပဏီနေရာကို Apple ရောက်ရှိပြီး ၅ ပတ်ခန့်အကြာမှာ Amazon ဟာလည်း ဒေါ်လာ ကုဋေတစ်သိန်း တန်ကြေးရှိတဲ့ ကုမ္ပဏီအဖြစ် ခဏတာရောက်ရှိခဲ့ပါတယ်။ Amazon ရဲ့ စတော့ရှယ်ယာတန်ဖိုး ၁.၉% မြင့်တက်လာခဲ့ပြီး စတော့ တစ်စုလျှင် ၂၀၅၀.၅၀ ဒေါ်လာ ရောက်လာခဲ့ချိန်မှာ ကုမ္ပဏီဟာ ဒေါ်လာ ၁ ထရီလီယံတန်ဖြစ်လာခဲ့တာပါ။

ဇူလိုင်လထဲက ထုတ်ပြန်တဲ့ သုံးလပတ်စစ်တမ်းမှာ Amazon ဟာ ရှယ်ယာပေါင်း ၄၈၇၇၄၁၁၈၉ ရှိတာ ဖြစ်လို့ရှယ်ယာတစ်စုကို ၂၀၅၀.၂၇ နှုန်းဆိုရင် ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိလာမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက အဲဒီနေ့မှာပဲ ရှယ်ယာဈေးဟာ ၂၀၃၉.၅၁ ဒေါ်လာ ဈေးနဲ့ပိတ်သွားခဲ့လို့ကုမ္ပဏီရဲ့ တန်ဖိုးဟာ ၉၉၅ ဘီလျံကျော်နဲ့ရပ်သွားခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး အမေရိကန် e-Commerce လုပ်ငန်းစုကြီး ဖြစ်တဲ့ Amazon ကို ဂျက်ဖ်ဘီဇော့်စ်မှ ၁၉၉၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ သမိုင်းမှာ အချမ်းသာဆုံး အိုင်တီသူကြွယ်ဖြစ်သူ ဘီဇော့စ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အသားတင် ဒေါ်လာဘီလျံ ၁၅၀ ကျော် ချမ်းသာပြီး အခုချိန်မှာ အနည်းဆုံး ဒေါ်လာ ၁၆၀ ဘီလျံကျော် ကြွယ်ဝမယ်လို့တွက်ချက်ထားပါတယ်။

Amazon ဝင်ငွေ မှတ်တမ်းမှာ ထူးခြားမှုတစ်ခုကတော့ ဈေးကွက်တန်ဖိုး ဒေါ်လာ ဘီလျံ ၆၀၀ ကနေ ၇၀၀ ခုန်ကူးဖို့၁၆ ရက်ပဲ ကြာမြင့်ခဲ့တာပါ။ လက်ရှိ ကမ္ဘာ့ပထမဆုံး တရားဝင် ဒေါ်လာ ထရီလီယံတန် ကုမ္ပဏီအဖြစ် ရပ်တည်နေတဲ့ Apple ကတော့ ၆၆၂ ရက် ကြာခဲ့ပါတယ်။ ဒီထဲမှာ Amazon တည်ထောင်သူ ဘီဇော့စ်မှ ရသမျှ ဝင်ငွေကို ကုမ္ပဏီအနာဂါတ်အတွက် ပြန်ပြန်ပြီး အကြီးအကျယ် ရင်းနှီးမြှပ်နှံထားတယ်လို့ဆိုပါတယ်။

_102972880_amazonpackages_getty.jpg

Photo: BBC

 

၃ လပတ်စဉ် ဘဏ္ဍာရေးစစ်တမ်းများအရ Amazon ဟာ ဒုတိယသုံးလပတ်ဖြစ်တဲ့ ဧပြီမှ ဇွန် ၃ လအတွင်း ၅၃ ဘီလျံဖိုး ရောင်းချနိုင်ခဲ့ပြီး အနည်းဆုံး ဒေါ်လာ ၂.၅ ဘီလျံ မြတ်စွန်းတယ်လို့ဆိုပါတယ်။ လက်ရှိမှာ Amazon ဟာ ဝန်ထမ်းပေါင်း ၅၇၅၀၀၀ ကျော်နဲ့လည်ပတ်နေပါတယ်။

 


loading...

က္က