၂၀၁၉ က်နှစ် ဇူလိုင် ၁ ရက်နေ့မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။

သတင်းအချက်အလက်တွေကို ရှာဖွေမျှဝေနိုင်အောင် အစီအစဉ်ရေးဆွဲထားတဲ့ အွန်လိုင်း bots အကောင့်တွေကို သုံးစွဲမှုပိတ်ပင်ဖို့ကယ်လီဖိုးနီးယားပြည်နယ်မှာ ဥပဒေပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။

5138961098_6847bf4671_o.jpg

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဘရောင်း (Photo: aleteia)

 

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းကိုယ်တိုင် လက်မှတ်ရေးထိုးတဲ့ ဒီဥပဒေအရ အရင်းအမြစ်ရဲ့ တုပထားတဲ့ သဘာဝကို ဖော်ပြခြင်း မရှိဘဲ ရွေးကောက်ပွဲ ကာလအတွင်း မဲပေးသူရဲ့ အမြင်ကို လွှမ်းမိုးဖို့ကြိုးစားတဲ့ အလိုအလျောက် အွန်လိုင်း ပရိုဂရမ်များနဲ့bots များ သုံးစွဲခြင်းကို တရားမဝင်ဘူးလို့သတ်မှတ်ထားတာပါ။ 

bots တွေကို နည်းပညာနယ်ပယ်ရဲ့ ကဏ္ဍစုံမှာ အသုံးပြုနေတာ ဖြစ်ပြီး အင်တာနက် search engine နဲ့wikipedia လို ဗဟုသုတရဖွယ် အချက်အလက်များ ရှာဖွေခြင်းကနေ ဗိုင်းရပ်စ်အဖြစ် မသမာသူများဘက်မှ လက်နက်လိုပါ သုံးနေတာ ဖြစ်ပါတယ်။

"bots တွေကို သတင်းမှားတွေ ၊ ဦးတည်ချက်လွဲစေမယ့် အချက်အလက်တွေ ဖြန့်ရာမှာ အတော်လေး သုံးလာပါတယ်။ ဒါတင်မဟုတ်ဘဲ နိုင်ငံရေး ဒီဘိတ်တွေကို ပုံပြောင်းဖို့၊ ကြော်ငြာကို ကြည့်တဲ့ ပရိတ်သတ်တွေကို သြဇာလွှမ်းမိုးဖို့ပါ သုံးနေတာပါ။" လို့လော့စ်အိန်ဂျလိစ် ဒီမိုကရက်တစ်အမတ် ရောဘတ်ဟာ့ဇ်ဘာ့ဂ်က ဆိုပါတယ်။

ရွေးကောက်ပွဲမှာ သုံးလာတဲ့ bots တွေဟာ keywords တွေ ၊ အကြောင်းအရာနဲ့လူတွေပေါ် လိုက်ပြီး အချက်အလက်တွေကို ရှာဖွေနိုင်အောင် program ဆွဲထားတဲ့ အလိုအလျောက် အကောင့်တွေ ဖြစ်ပြီး ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားဘက်ကနေ ဒီလိုမျိုး bots  တွေ အများအပြား တက်လာခဲ့တယ်လို့ဆိုပါတယ်။

Twitter ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၁၆ စက်တင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အတွင်း ထရမ့်ရဲ့ tweets တွေကို ရုရှား bots တွေ retweet လုပ်မှုအကြိမ်ရေဟာ ၄ သိန်း ၇ သောင်အထိ ရှိခဲ့ပြီး ဟီလာရီ ကလင်တန်ထက် အဆပေါင်း ၅ သောင်းများခဲ့တယ်လို့ဖော်ပြထားပါတယ်။

Photo: DW

 

မကြာသေးမီက Twitter ဟာ လာမယ့်နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲကာလအကြိုမှာ ရွေးကောက်ပွဲ မျှတမှန်ကန်ရေးအတွက် စည်းမျဉ်းသစ် ၃ ရပ် ချမှတ်ခဲ့ပါတယ်။ ရွေးကောြက်ပွဲကာလာအတွင်းင bots သုံးစွဲမှု ပိတ်ပင်မယ့် ဥပဒေကတော့ နောက်နှစ် ဇူလိုင် ၁ ရက်နေ့မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ



က္က