ဘဏ်အကောင့်မရှိသူ သန်း ၁၇၀၀ ကျော်ဈေးကွက်ကို ပစ်မှတ်ထားတာပါ

Facebook ဟာ ဒီနေ့ပဲ Libra ဆိုတဲ့ Cryptocurrency သစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်လို့လူသန်းထောင်ပေါင်းများစွာရဲ့ ငွေကြေးစီးကူးမှုဟာ အပြောင်းအလဲ ဖြစ်လာဖို့ရှိပါတယ်။


         လစဉ်သုံးစွဲသူ သန်း ၂၄၀၀ ခန့်ရှိတဲ့ Facebook ဟာ Libra နာမည်နဲ့ဒီဂျစ်တယ်ငွေကြေးတစ်မျိုးကို ကြေညာခဲ့တာ ဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဘဏ်စနစ်ကို လှုပ်ခတ်စေနိုင်တယ်လို့The Guardian သတင်းမှာ ဖော်ပြထားပါတယ်။ Libra ဟာ ငွေကြေးလောကကို အကြီးအကျယ် ပြောင်းလဲစေမယ့် Game Changer ဖြစ်နိုင်ပေမယ့် privacy ပိုင်း နာမည်ဆိုး ရှိထားတာကြောင့်လည်း နောက်ဆက်တွဲ စုံစမ်းစိစစ်မှုတွေ ရှိလာနိုင်တယ်လို့ဒီသတင်းမှာ ခန့်မှန်းထားပါတယ်။




Photo: Tech Crunch  

       Libra ဟာ သမရိုးကျ ငွေကြေးမဟုတ်ဘဲ အွန်လိုင်းမှာ ပစ္စည်းဝယ်တာ ငွေလွဲှတာကို အပိုကုန်ကျငွေ မရှိသလောက်နီးပါး Zero Fees နဲ့သုံးနိုင်မယ့် ငွေကြေး ဖြစ်ပြီး ဒီဂျစ်တယ်ငွေကြေး ဖြစ်လို့ပိုင်ရှင်နာမည်သိစရာ မလိုဘဲ ဝယ်နိုင် လွဲှနိုင်မှာလို့ဆိုပါတယ်။ ပစ္စည်းဝယ်ရာမှာ Libra အွန်လိုင်းကနေ ဖြစ်စေ အပြင်ကုန်စုံစတိုးတွေမှာ Local Exchange Point တွေကဖြစ်စေ ဝယ်နိုင်မှာပါ။ 

         တကယ်လို့ငွေတန်ဖိုးလဲမယ်ဆိုရင်တော့ Third-party wallet apps တွေ ကဖြစ်စေ Facebook ကနေ WhatsApp ၊ Messenger နဲ့Facebook app တွေထဲမှာ ပါလာမယ့် Calibra Wallet ကဖြစ်စေ ပြန်လဲနိုင်မယ်လို့Tech Crunch မှာ ဆိုပါတယ်။ Calibra ဟာ Libra ငွေကြေးတွေ သိမ်းထားဖို့Messenger နဲ့WhatsApp စာပို့အက်ပလီကေးရှင်းတွေထဲမှာ Facebook ကနေ တည်ဆောက်ထားတဲ့ digital wallet app ဖြစ်ပါတယ်။


Photo: Tech Crunch

         ၂၀၂၀ နှစ်လယ်ပိုင်းမှာ စတင်သွားမယ့် Libra ငွေကြေးဟာ Facebook ကနေ အပြည့်အဝ ထိန်းချုပ်ထားတာ မဟုတ်ဘဲ တစ်ခြား Libra Association အဖွဲ့ဝင်တွေ ဖြစ်တဲ့ Visa ၊ Mastercard ၊ PayPal ၊ Lyft ၊ Coinbase နဲ့Uber အပါအဝင် မန်ဘာပေါင်း ၂၈ ခုမှလည်း ထိန်းချုပ်ထားတာလို့ဆိုပါတယ်။ Libra Association ဟာ open-source Libra Blockchain စနစ်ကို လူသိများအောင် လုပ်သွားမှာ ဖြစ်ပြီး ကိုယ်ပိုင် developer platform ဖြစ်တဲ့ Move programming language ကနေ Libra ငွေပေးငွေချေတာ ၊ ဖောက်သည်တွေကို လျှော့ဈေးပေးတာ ၊ ဆုချီးမြှင့်တာအထိ လုပ်ဆောင်သွားမှာပါ။

         Libra ဟာ ဘဏ်အကောင့်မရှိသူ သန်း ၁၇၀၀ ကို ပစ်မှတ်ထားပြီး ထွက်ရှိလာတဲ့ cryptocurrency ဖြစ်ပြီး ငွေကြေးတည်ငြိမ်မှု ရှိဖို့လည်း လုပ်ဆောင်သွားမယ်လို့ဆိုပါတယ။် Libra Association ဟာ ငွေကြေးခဝါချမှု မဖြစ်စေဖို့အတွက် ကမ္ဘာအရပ်ရပ်မှ နည်းဥပဒေများနဲ့လက်တွဲ အလုပ်လုပ်နေတယ်လို့လည်း CNET သတင်းမှာ ဖော်ပြထားပါတယ်။ နိုင်ငံဖြတ်ကျော် ငွေလွဲှ ငွေပို့မှုမှာ Libra ဟာ သမရိုးကျဘဏ်တွေထက် အလွန့်ကို သက်သာတဲ့နှုန်းထားနဲ့ငွေလွဲှငွေချေနိုင်မယ်လို့ဆိုပါတယ်။ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ချက်အရ တစ်ခြားနိုင်ငံတစ်ခုကို ငွေဒေါ်လာ ၂၀၀ လွဲှမယ်ဆိုရင် ပျမ်းမျှ ၇% ကျသင့်တယ်လို့ထုတ်ပြန်ထားပါတယ်။

Photo: Comentr


         ပြီးခဲ့တဲ့နှစ်ထဲမှာ ဂျပန်စာပို့app တစ်ခုဖြစ်တဲ့ LINE ဟာ LINK လို့ခေါ်တဲ့ digital token တစ်ခု ဖြန့်ချိခဲ့ပါတယ်။ တရုတ်စာပို့အက်ပလီကေးရှင်း WeChat ဟာလည်း credit card နဲ့ငွေပေး ငွေချေ ၊ ငွေလွဲှတာတွေ လုပ်ဆောင်ထားပေမယ့် crypto ငွေကြေး အလွဲှအပြောင်းကိုတော့ ပိတ်ပင်ထားပါတယ်။ Facebook ဟာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ဖြစ်လို့Libra ငွေကြေးဈေးကွက်ဟာ အင်အားကြီးလာဖို့ရှိပါတယ်။

         တစ်ကမ္ဘာလုံးမှာ Facebook ၊ Instagram ၊ WhatsApp နဲ့Messenger ဝန်ဆောင်မှု သုံးသူများဟာ အကြမ်းဖျဉ်း သန်း ၂၇၀၀ ကျော် ရှိမယ်လို့ခန့်မှန်းထားပါတယ်။ Facebook ဟာ Libra ငွေချေမှုနဲ့ပတ်သတ်ပြီး သုံးစွဲသူ အချက်အလက် ကာကွယ်ရေးနဲ့crypto သဘောတူညီမှုတွေကို ကိုင်တွယ်ဖို့Calibra ဆိုတဲ့ အရန်ကုမ္ပဏီတစ်ခုလည်း တည်ထောင်နေတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က