Facebook နဲ့Twitter တို့လည်း အရေးယူမှု လုပ်ထားပါတယ်
Nyein Min Wai

ဒီမိုကရေစီအရေး ဆန္ဒပြမှုများ ဖြစ်ပွားနေတဲ့ ဟောင်ကောင်မှာ သတင်းမှားတွေဖြန့်မှုနဲ့ဆက်စပ်နေတယ်ဆိုတဲ့ YouTube channels ပေါင်း ၂၁၀ ကို ပိတ်ပင်လိုက်ပါတယ်။

ယခုတစ်ပတ် တနင်္လာနေ့က ဟောင်ကောင်ဆန္ဒပြမှုများကို လမ်းလွဲှဖို့ကြိုးစားနေတဲ့ တရုတ်မှ အကောင့်ပေါင်း ၉၃၆ ခုကို Twitter မှ ပိတ်လိုက်ပြီးနောက် Google မှလည်း အခုလို အရေးယူမှု လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့CNET သတင်းက ဆိုပါတယ်။ Twitter ဘက်မှ ဟောင်ကောင်အရေး သတင်းမှား ဖြန့်မှု အရေးယူပြီးနောက် Facebook ဟာ တရုတ်အစိုးရနဲ့ဆက်စပ်ဖွယ်ရှိတဲ့ Facebook အကောင့် ၅ ခု ၊ page ၇ ခုနဲ့group ၃ ခုတို့ကို ဖြုတ်ချခဲ့ပါတယ်။

Photo: KVEW

Google ကုမ္ပဏီမှလည်း ဟောင်ကောင်ဆန္ဒပြမှုများအတွင်း ဗွီဒီယိုတင်ရာမှာ လိမ်လည်လှည့်ဖျားမှု လုပ်ဆောင်ခဲ့တယ်လို့တွေ့ရှိခဲ့ပြီးနောက် ဒီ YouTube Channels တွေကို ယခုတစ်ပတ်အစောပိုင်းမှာ ပိတ်ပင်ခဲ့ပါတယ်။ တွေ့ရှိချက်တွေအရ ဒီ channels တွေဟာ VPNs တွေ နဲ့တစ်ခြား နည်းလမ်းတွေသုံးပြီး အကောင့်တွေရဲ့ လာရာနဲ့တစ်ခြား သြဇာလွှမ်းဖို့လုပ်ဆောင်ချက်တွေနဲ့ဆက်စပ်တဲ့ လှုပ်ရှားမှုတွေကို ဖုံးကွယ်ပုံဖျက်ဖို့လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

" အခု ကျွန်တော်တို့တွေ့ထားတာက Facebook နဲ့Twitter တို့ကနေ ကြေညာထားတဲ့ တရုတ်နဲ့ဆက်စပ်နေတဲ့ လုပ်ဆောင်ချက်တွေ စုံစမ်းမှုတွေနဲ့ကိုက်ညီနေခဲ့ပါတယ်" လို့Google ဘက်မှ ထုတ်ပြန်ထားပါတယ်။ Google အနေနဲ့ယခုလှုပ်ရှားမှုတွေဟာ ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားမှုကို လမ်းလွဲှဖို့တရုတ်အစိုးရနောက်ခံ သတင်းမှားဖြန့်ချိရေး ကမ်ပိန်းကနေ လုပ်ဆောင်တာ ဟုတ်မဟုတ်ကိုတော့ မှတ်ချက်ပြုမထားပါဘူး။

Photo: aljazeera

ဟောင်ကောင်အရေး ဆန့်ကျင်တဲ့ ads တွေ တင်ခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီးနောက်Twitter ဟာ အစိုးရ အေဂျင်စီတွေ ထိန်းချုပ်ထားတဲ့ မီဒီယာအဖွဲ့အစည်းတွေဆီက ကြော်ငြာတွေကို လက်ခံတော့မှာ မဟုတ်ဘူးလို့ကြေညာခဲ့ပါတယ်။

Google အနေနဲ့Xinhua လိုမျိုး တရုတ်နိုင်ငံပိုင် မီဒီယာတွေအတွက် ကြော်ငြာရောင်းချမှု ကန့်သတ်ဖို့ရှိမရှိ ပြောကြားခြင်း မရှိသေးပါဘူး။


က္က