အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေး တင်းမာမှုကြောင့်လို့သုံးသပ်နေပါတယ်
Nyein Min Wai

ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးအဖြစ် ရပ်တည်နေတဲ့ Xiaomi ဟာ ဟောင်ကောင်စတော့ဈေးကွက် တနလာၤအဖွင့်နေ့မှာ အခြေမလှ ဖြစ်နေပါတယ်။

photo: markettamer

 

အများပိုင်ရှယ်ယာရောင်းချမှုကနေ ဒေါ်လာ ဘီလျံ ၁၀၀ အထိ ရနိုင်ဖို့မျှော်လင့်ထားတဲ့ Xiaomi ဟာ ဟောင်ကောင် စတော့ အိတ်ချိန်းမှာ ဒေါ်လာ ၄.၇ ဘီလျံ (ပေါင် ၃.၅ ဘီလျံ) ပဲ ရထားတာပါ။ ဒါဟာ ဒေါ်လာ ၅၄ ဘီလျံတန် Xiaomi အတွက် မှန်းချက်ရဲ့ ထက်ဝက်ကျော်လောက်ပဲ ရှိတာ ဖြစ်ပါတယ်။

ရှယ်ယာဈေးကွက် ကျွမ်းကျင်သူများကတော့ Xiaomi ရှယ်ယာဈေးကျဆင်းရခြင်းဟာ တရုတ်-အမေရိကန်ကုန်သွယ်စစ်ကြောင့် ဖြစ်တယ်လို့ထောက်ပြထားပါတယ်။

Xiaomi ဟာ ၂၀၁၄ ခုနှစ်က Alibaba ရဲ့ IPO ရောင်းပြီးနောက် အကြီးဆုံး နည်းပညာကုမ္ပဏီတစ်ခုရဲ့ အများပိုင် ရှယ်ယာဝေစု ခွဲဝေမှုတစ်ခု ဖြစ်မယ်လို့ထင်ကြေးပေးခံထားရတာပါ။ Alibaba ကို အများပိုင်ကုမ္ပဏီ စပြောင်းတော့ ဒေါ်လာ ၂၅ ဘီလျံရခဲ့ပြီး ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီအဖြစ် ရပ်တည်ထားခဲ့ပါတယ်။ Xiaomi ကတော့ ဟောင်ကောင် IPO မှာ ဒေါ်လာ ၁၀ ဘီလျံ ထိ ရဖို့မျှော်မှန်းထားတာလည်း ဖြစ်ပါတယ်။

တနလာၤနေ့မနက် ဟောင်ကောင်ရှယ်ယာအဖွင့်မှာ ရှယ်ယာတစ်စုလျှင် ဟောင်ကောင် ၁၇ ဒေါ်လာကနေ ၁၆ ဒေါ်လာထိ ကျဆင်းနေခဲ့တာပါ။ ဒါဟာ Xiaomi ရဲ့ ရှယ်ယာတန်ဖိုး ၅.၉ % အထိ ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ Bloomberg သတင်းမှာတော့ ရင်းနှီးမြှပ်နှံသူတွေဟာ IPO မဖွင့်ခင်တစ်ပတ်ကတည်းက သူတို့ပိုင် ရှယ်ယာများကို လျှော့ဈေးနဲ့မှောင်ခိုဈေးမှာ ရောင်းချထားတယ်လို့ဆိုပါတယ်။

လက်ရှိမှာ Xiaomi ဟာ စမတ်ဖုန်းဈေးကွက်အတွင်းမှာလည်း ခက်ခဲတဲ့ အနေအထားကို နှစ်နှစ် ဆက်တိုက် ဖြတ်သန်းနေရပါတယ်။ ၂၀၁၆ က အသားတင် ၄၉၁.၆ ဘီလျံ မြတ်ခဲ့တဲ့ Xiaomi ဟာ ၂၀၁၇ မှာ တစ်နှစ်လုံးမှ ယွမ် ၁၁၄.၆၂ ဘီလျံ ပဲ ဝင်ခဲ့ပြီး ယွမ် ၄၃.၉ ဘီလျံ အရှုံးပေါ်ခဲ့တာပါ။ ၂၀၁၈ ပထမ၃ လပတ်မှာလည်း Xiaomi ဟာ ၃ လပတ် ဝင်ငွေ ယွမ် ၃၄.၃ ဘီလျံကြောင့် ကုမ္ပဏီအနေနဲ့ယွမ် ၇ ဘီလျံ (ဒေါ်လာ ၁.၀၉ ဘီလျံ) အရှုံးပြနေတယ်လို့ကြေငြာထားပါတယ်။

photo: financialexpress

 

၂၀၁၀ မှာ တည်ထောင်ခဲ့ပြီး စမတ်ဖုန်းအဓိက စီးပွားရေးနဲ့ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ ၅ ခု စာရင်းဝင်ခဲ့တဲ့ Xiaomi ဟာ လျှပ်စစ် scooter ကနေ ထမင်းပေါင်းအိုး အထိ နည်းပညာပစ္စည်းအစုံ ရောင်းချနေတာပါ။ အိန္ဒိယမှာ နံပါတ် တစ် စမတ်ဖုန်းကုမ္ပဏီအဖြစ် Samsung ကို ကျော်တက်နိုင်ပေမယ့် Xiaomi ဟာ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်နိုင်ခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က