ဟက်ကာ ၄ ဦး ပါဝင်ခဲ့ပါတယ်။
Nyein Min Wai

ဂျနီဖာလောရင့်ဇ်အပါအဝင် နာမည်ကြီး ဟောလိဝုဒ်စတားများရဲ့ iCloud အကောင့်ထဲ ဝင်ပြီး အဝတ်ဗလာပုံများ ရယူခဲ့သူ ဟက်ကာတစ်ဦးကို ထောင်ဒဏ် ၈ လ ချမှတ်လိုက်ပါတယ်။

  jennifer-lawrence-nude-photos.jpg

Photo: Hartford Courant

အသက် ၂၆ နှစ်အရွယ် ဂျော့ချ် ဂါရိုဖာနိုဆိုသူ ဟက်ကာဟာ လူပေါင်း ၂၅၀ ကျော်ရဲ့ iCloud အကောင့်များကို ဝင်ရောက်ပြီး မင်းသမီး ဂျနီဖာလော့ရင့်ဇ်နဲ့အခြား ဆယ်လီများရဲ့ အဝတ်မဲ့ပုံများနဲ့ဗွီဒီယိုများကို အွန်လိုင်းပေါ် တင်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအမှုမှာ ဂါရိုဖာနိုအပါအဝင် လူ ၄ ဦး ပါဝင်ခဲ့ပြီး ကျန်တဲ့ လူ ၃ ဦးကတော့ ၉ လကနေ ၁၈ လအထိ ထောင်ဒဏ်ချမှတ်ခံရပြီး ဖြစ်ပါတယ်။

ယခုအမှုမှာ ဂါနိုဖာနို နဲ့အတူ အမ်မယ်လီယို ဟာရဲရား ၊ အက်ဒွပ် မဂျာဆစ် နဲ့ရိုင်ယန်ကောလင်းဆိုသူများလည်း ပါဝင်ခဲ့တာပါ။ ဒီထဲမှာ ဟာရဲရားဟာ ထောင်ဒဏ် ၁၆ လ ၊ မဂျာဆစ်ကို ၉ လနဲ့ကောလင်းကို ၁၈ လ ထောင်ဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။ သူတို့ ၄ ဦးဟာ ၂၀၁၄ ခုနှစ်က 4chan လို့ခေါ်တဲ့ ဓါတ်ပုံဆိုက်မှာ နာမည်ကြီးပုဂ္ဂိုလ်များရဲ့ မလုံမလဲပုံများကို တင်ခဲ့တာပါ။

"မစ္စတာ ဂါရိုဖာနိုဟာ ဒီအမှုကို တစ်ကြိမ်တည်းမဟုတ်ဘူး။ ၁၈ လအတွင်း အကြိမ်ပေါင်း ၂၄၀ အထိ ပါဝင်ပတ်သတ်ခဲ့တာပါ။ "လို့တရားရုံးက ထုတ်ပြန်ပါတယ်။ ဂါနိုဖာရို ရယူခဲ့တဲ့ ကိုယ်ရေးအချက်အလက်နဲ့အဝတ်မဲ့ ပုံများထဲမှာ ဂျနီးဖာလောရင့်အပါအဝင် ခါစတန် ဒန့်စ် နဲ့ကိတ်အတ်ပ်တန်တို့ရဲ့ ပုံများလည်း ပါဝင်ခဲ့ပါတယ်။

ဂါနိုဖာရိုကလည်း iCloud အကောင့်များရဲ့ usernames နဲ့စကားဝှက်များကိုApple ရဲ့ Security team အဖွဲ့ဝင်အဖြစ် မေးလ်ပို့ကာ ရယူခဲ့တယ်လို့ဝန်ခံထားပါတယ်။ တရားရုံးအမိန့်အရ ဂါရိုဖာနိုဟာ ထောင်မှ လွတ်ပြီး ၃ နှစ်ကြာ ခံဝန်နဲ့စောင့်ကြည့်ခံရမှာ ဖြစ်ပြီး နာရီ ၆၀ စာ လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်ရမှာပါ။

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F264206%2Fab4a700c375d40c6883942f0b74bdb9e.jpg

Photo: Mashable

 

နာမည်ကြီး ပုဂ္ဂိုလ်များရဲ့ အဝတ်မဲ့ပုံကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ ဆိုက်ဘာရာဇဝတ်မှုမျိုးကို ၂၀၁၂ ကလည်း ဖြစ်ပွားခဲ့ပါတယ်။ ထိုအချိန်က ခရစ္စတိုဖာ ချီနေးဆိုသူဟာ စကားလက်ဂျိုဟန်ဆန် ၊ မီလာကူနစ် ၊ ခရစ္စတီးနား သြဂလီယာနဲ့အခြား နာမည်ကျော် မင်းသမီးများရဲ့ အီးမေးလ်အကောင့်ထဲမှ ကိုယ်ရေးအချက်အလက် ခိုးယူမှုနဲ့ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။


က္က