မေ ၆ ရက်ကနေ ဇွန်လ ၂၈ ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမှာပါ

ပြည်တွင်းတယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်တဲ့ MPT ဟာ နည်းပညာနဲ့ကွန်ပျူတာတက္ကသိုလ်ကျောင်း ၂၉ ကျောင်းမှ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ ၃၉၆ ဦးကို သက်ဆိုင်ရာလုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေရန် အလုပ်သင် သင်တန်းသားအဖြစ် လက်ခံသွားမယ်လို့ဆိုပါတယ်။

         နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင် လေ့လာရေး နှင့် သင်ကြားရေးအစီအစဉ်အဖြစ် MPT ဟာ ယခုနှစ် မေလ ၆ ရက်မှ ဇွန်လ ၂၈ ရက်နေ့အထိ ကျောင်းသားများကို အလုပ်သင်အဖြစ် လေ့ကျင့်သင်ကြားပေးသွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ အလုပ်သင် ကျောင်းသားကျောင်းသူများကို MPT ရုံးချုပ်အပါအဝင် မြန်မာ့ဆက်သွယ်ရေး သင်တန်းကျောင်း ၊ တိုင်းနှင့်ပြည်နယ်အသီးသီမှ MPT ရုံးခွဲများမှ နည်းပညာကျွမ်းကျင်သူများမှ သင်ကြားပေးသွားမှာလည်း ဖြစ်ပါတယ်။

Photo: MPT



         အလုပ်သင်အစီအစဉ်မှာ ဆက်သွယ်ရေး လုပ်ငန်းခွင်များအတွင်း အလုပ်လုပ်ကိုင်ပုံများနဲ့အတူ စီမံခန့်ခွဲခြင်း ပညာနဲ့နောက်ဆုံးပေါ် ကွန်ရက်နည်းပညာစနစ်များကို ထိန်းသိမ်းမှုအကြောင်းများကို လက်တွေ့သင်ကြားလေ့လာနိုင်မယ်လို့ဆိုပါတယ်။ ၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင် လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ်မှာ ရန်ကုန်မှ ကျောင်းသားကျောင်းသူ ၁၄၃ ဦးနဲ့နယ်ရုံးခွဲ ၁၇ နေရာမှ ကျောင်းသား ကျောင်းသူ ၂၅၃ ဦးတို့အလုပ်သင်အဖြစ် လေ့လာသင်ကြားကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မှ အလုပ်သင် သင်တန်းသား ၁၄၁ ဦးအနက် ထူးချွန်သင်တန်းသား ၁၅ ဦးကို ရွေးချယ်ပြီး အလုံမြို့နယ် MPT ရဲ့ ကွန်ရက် ကြီးကြပ် ထိန်းသိမ်းရေးဌာန NOC မှာ အလုပ်သင်အစီအစဉ်ကို ပိုမိုထိရောက်အောင် လေ့လာနိုင်စေဖို့ရွေးချယ်သွားမယ်လို့လည်း သိရပါတယ်။

         ယခုအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့နဲ့ပူးပေါင်းစီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က