ယွမ် ၂ ထောင်နဲ့ အထက် တန်ဖိုးသင့် Xiaomi ဖုန်းတိုင်း 5G ရတော့မှာပါ

လာမယ့်နှစ်မှာ Xiaomi ဟာ 5G ဖုန်းတွေ ထုတ်ဖို့ဘက်ကို ပိုပြီး အာရုံစိုက်သွားဖို့ ရှိပါတယ်။

၂၀၁၉ နှစ်ဆန်းပိုင်းက Xiaomi ရဲ့ CEO လေဂျန်မှ ကုမ္ပဏီအနေနဲ့ 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ စမတ်ဖုန်းသစ် အနည်းဆုံး ၁၀ မျိုး ထုတ်ဖို့စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ ဂွမ်ကျိုးမှာ ပြုလုပ်တဲ့ China Moile Gloabl Partner ကွန်ဖရင့်အခမ်းအနားတစ်ခုမှာတော့ ယွမ် ၂၀၀၀ ( မြန်မာငွေ ၄ သိန်း ၃သောင်း) နဲ့အထက် Xiaomi ဖုန်းတွေမှာ 5G ကွန်ရက်ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။


Photo: GSMArena

Gizmochina သတင်းအရ Xiaomi ဟာ လာမယ့် ၂၀၂၀ ပထမနှစ်ဝက်အတွင်းမှာ တန်ဖိုးသင့် 5G ဖုန်းတွေ အနည်းဆုံး ၁၀ မျိုး မိတ်ဆက်သွားမယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ Xiaomi ဟာ Mi Mix 3 5G နဲ့မှန်လုံးပြည့် ဒီဇိုင်းသစ်နဲ့ နမူနာ ကြေညာထားတဲ့ Mi Mix Alpha အပါအဝင် 5G စမတ်ဖုန်းတစ်ချို့ မိတ်ဆက်ထားပါတယ်။

Xiaomi ဟာ လာမယ့် ၂၀၂၀ မှာ 5G support ပေးမယ့် Redmi K30 ကို မိတ်ဆက်မယ်လို့ Xiaomi Group ရဲ့ ဒုဥက္ကဌ လုဝေဘင်းက Weibo လူမှုကွန်ရက်ကနေ အတည်ပြုပါတယ်။ Redmi K30 ဟာ dual 5G standby ပံ့ပိုးမှုပေးထားတဲ့ စမတ်ဖုန်းဖြစ်ပြီး punch hole ဒီဇိုင်း dual selfie ကင်မရာတွေ သုံးသွားဖို့ရှိပါတယ်။

စမတ်ဖုန်း chipset ထုတ်လုပ်တဲ့ Qualcomm နဲ့ MediaTek တို့ဟာ လာမယ့်နှစ်မှာ ထွက်လာမယ့် အလတ်တန်းစား စမတ်ဖုန်းတွေအတွက် 5G chipset တွေ ထုတ်လုပ်သွားမယ်လို့ကြေညာထားပါတယ်။ ကမ္ဘာ့နံပါတ် ၂ အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ် ရပ်တည်နေတဲ့ Huawei ဟာလည်း လာမယ့် ၂၀၂၀ မှာ ‌ဈေးသက်သာတဲ့ 5G ဖုန်းတွေ ထုတ်လုပ်ဖို့ ကတိပြုထားပြီး ခန့်မှန်းဈေးနှုန်းတော့ ပြောထားခြင်း မရှိသေးပါဘူး။

Xiaomi ဟာ 5G နဲ့ AIoT နည်းပညာနှစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ထားပြီး AIoT ထုတ်ကုန်ကဏ္ဍဘက်မှာလည်း အာရုံစိုက်နေပါတယ်။ ကုမ္ပဏီရဲ့ CEO လေဂျန်ကတော့ Xiaomi ရဲ့ IoT ပလက်ဖောင်းဟာ ထုတ်ကုန်ပေါင်း ၁၉၆ သန်းနဲ့ ချိတ်ဆက်ထားပြီး ဖြစ်သလို IoT ထုတ်ကုန်သုံးစွဲသူဦးရေဟာလည်း ၃ သန်းကျော်လာခဲ့ပြီလို့ ဆိုပါတယ်။



က္က