အမေရိကန် တရားရေးကော်မတီကလေး ဆင့်ခေါ်ထားပါတယ်

Apple Store နဲ့ Apple Pay ရဲ့ စီးပွားရေးကျင့်ထုံးတွေမှာ ဈေးကွက်ပြိုင်ဆိုင်မှု ချိုးဖောက်ခြင်း ရှိမရှိဆိုတဲ့ အချက်ကို ဥရောပကော်မရှင်မှ စုံစမ်းစစ်ဆေးမှု လုပ်နေပြီလို့ ဆိုပါတယ်။

ဥရောပကော်မရှင်ဟာ Apple ကို စုံစမ်းစစ်ဆေးမှုနှစ်ခု လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတစ်ခုကတော့ Apple App Store ရဲ့ app developers တွေအတွက် ညွှန်ကြားမှုဟာ ဥရောပပြိုင်ဆိုင်မှုဥပဒေတွေကို ချိုးဖောက်သလားဆိုတာကို စုံစမ်းတာ ဖြစ်ပြီး နောက်တစ်မှုကတော့ app နဲ့ ဝက်ဘ်ဆိုက်တွေထဲမှာ Apple Pay သုံးစွဲမှု ကန့်သတ်ထားသလားဆိုတာကို စုံစမ်းမှု လုပ်တာ ဖြစ်ပါတယ်။



Photo: Tech Crunch


Apple App Store မူဝါဒဟာ EU ပြိုင်ဆိုင်မှုဥပဒေတွေကို ချိုးဖောက်သလား ဆိုပြီး စုံစမ်းရတဲ့ အကြောင်းတွေထဲမှာ Spotify နဲ့ Rakuten တို့ရဲ့ တိုင်ကြားမှုလည်း ပါဝင်နေတယ်လို့ The Verge သတင်းက ဆိုပါတယ်။။ App Store ကနေ eBook ရောင်းအားနဲ့ subscriptions ကြေးတွေမှာ Apple ဟာ ၃၀% ဖြတ်တောက်တာကို တိုင်ကြားထားပါတယ်။ Apple ကတော့ ၃၀%အခွန်ဟာ App Store ထိန်းသိမ်းစီမံဖို့အတွက် ကောက်တာ ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

"Apple စည်းမျဉ်းတွေဟာ Apple Music လို music streaming ဝန်ဆောင်မှုနဲ့ Apple Books တို့လိုမျိုး တစ်ခြား app developer တွေနဲ့ ယှဉ်ပြိုင်နေတဲ့ ဈေးကွက်မှာ ပြိုင်ဆိုင်မှုကို ပုံဖျက်တာမျိုး မလုပ်ကြောင်း သေချာဖို့ လိုပါတယ်။" လို့ EU ရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုစောင့်ကြည့်ဌာနအကြီးအကဲ မာဂရက်တီဗီစတာဂါက ဆိုပါတယ်။ "ဒါကြောင့်ပဲ Apple App Store စည်းမျဉ်းတွေဟာ ဥရောပသမဂ္ဂစည်းမျဉ်းဥပဒေနဲ့အညီ ဖြစ်သလားဆိုတာ အနီးကပ်ကြည့်ရှုစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာပါ"

Sportify ကလည်း Apple ဟာ Apple Music ဝန်ဆောင်မှု လူသုံးများဖို့အတွက် စားသုံးသူ‌ ရွေးချယ်မှုကို ကန့်သတ်ခဲ့ပြီး ဆန်းသစ်တီထွင်မှုကို ဖိနှိပ်ထားတယ်လို့ တိုင်တန်းထားပါတယ်။iOS app တစ်ခုအတွင်းမှာပဲ in-app purchase ဝယ်ယူမှုလုပ်နိုင်အောင် လုပ်ထားပြီး IAP ကနေ တစ်ဆင့် Apple ဟာ app developers တွေဆီကနေ subscription ကြေးတွေအားလုံးရဲ့ ၃၀% အထိ ယူတာပါ။

ဥရောပကော်ရှင်အဖွဲ့ဟာ Apple Pay မှာလည်း ပြိုင်ဆိုင်မှုဥပဒေချိုးဖောက်ခြင်း ရှိမရှိ စုံစမ်းနေပါတယ်။ Apple ဟာ iPhone နဲ့ Apple Watch တွေမှာပဲ Near Field Communication လုပ်ဆောင်ချက် သုံးနိုင်အောင် ကန့်သတ်ထားတာပါ။ တစ်နည်းအားဖြင့် ဘဏ်နဲ့ တစ်ခြား ငွေကြေးဝန်ဆောင်မှုတွေအနေနဲ့ ကိုယ်ပိုင် app ကနေ NFC ငွေချေမှု မလုပ်နိုင်အောင် ကန့်သတ်ထားတဲ့ သဘောဖြစ်နေပါတယ်။ 

Photo: Engadget


EU ရဲ့ စုံစမ်းစစ်ဆေးမှု မလုပ်ခင် ရက်ပိုင်းလေးမှာ Apple Store ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့စီးပွားရေးမှာ ဒီဂျစ်တယ်နဲ့ ထုတ်ကုန်ဝန်ဆောင်မှု နှစ်ရပ်ပေါင်း ဒေါ်လာ ၅၁၉ ဘီလျံအထိ ဖန်တီးပေးနိုင်ခဲ့တယ်လို့ Analysis Group မှ ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်မှာ developer တွေအတွက် ဒေါ်လာ ၁၅၅ ဘီလျံ ဖော်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တကယ်လို့ Apple ဟာ ပြိုင်ဆိုင်မှုဥပဒေချိုးဖောက်ကြောင်း ထင်ရှားရင်တော့ Apple ရဲ့ နှစ်စဉ်ရောင်းအားရဲ့ ဆယ်ရာခိုင်နှုန်းအထိ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။ Apple ဟာ အမေရိကန်မှာလည်း စုံစမ်းစစ်ဆေးမှု ခံယူရမှာပါ။ အမေရိကန်တရားရေးကော်မတီဟာ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ကို ဈေးကွက်ပြိုင်ဆိုင်မှုဥပဒေချိုးဖောက်မှု ရှိမရှိ မေးခွန်းတွေ ဖြေကြားဖို့လည်း ဆင့်ခေါ်ထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က